အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

အီသီယိုးပီးယား ကာကွယ်ရေးဦးစီးချုပ်နှင့် အရာရှိကြီးသုံးဦး လုပ်ကြံခံရ


အဒစ်အဘာဘာ၊ ဇွန် ၂၄

အီသီယိုးပီးယားနိုင်ငံတွင် အာဏာသိမ်းပိုက်ရန် ကြံစည်မှုတစ်ရပ် ပေါ်ပေါက်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာရီမက်ကွန်နန်မှာ ကိုယ်ရံတော်ဖြစ်သူ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားရကြောင်း ဝန်ကြီးချုပ်က သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးတစ်ဦးသည်  နိုင်ငံ၏ မြို့တော် အဒစ်အဘာဘာတွင် စနေနေ့က ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။   
နိုင်ငံမြောက်ပိုင်း အမ်ဟာရာဒေသတွင် ပြည်နယ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူရန် ကြံစည်မှု ပျက်ပြားစေရန် ဗိုလ်ချုပ်ကြီးက  ကြိုးပမ်းနေစဉ် ထိုသို့ လုပ်ကြံခံရသည်ဟု  ဝန်ကြီးချုပ် အဘီအာမက်က ပြောကြားသည်။

ထိုဒေသတွင်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး အမ်ဘာချူမက်ကွန်နန်မှာ ၎င်း၏အကြံပေးပုဂ္ဂိုလ်နှင့်အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

အီသီယိုးပီးယားအစိုးရက ယခုလုပ်ကြံသတ်ဖြတ်မှုကြီးတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ပြီး အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာသည်။

ဝန်ကြီးချုပ် အဘီအာမက်က ယမန်နေ့ညက ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောဆိုရာတွင် မကောင်းဆိုးဝါး အင်အားစုများက တိုင်းပြည်ပြိုကွဲအောင် ကြိုးပမ်းနေသည့်ကာလတွင် အီသီယိုးပီးယား ပြည်သူများအနေနှင့် ညီညွတ်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အီသီယိုးပီးယားတွင်ဖြစ်ပေါ်နေသော အခြေအနေများကို ကောင်းစွာသိရှိထားကြောင်း ကြေညာပြီး ယင်းနိုင်ငံရှိ အမေရိကန်သံအမှုထမ်းများအနေနှင့် မြို့တော် အဒစ်အဘာဘာတွင်သာ နေထိုင်ကြရန်သတိပေးထားသည်။

လတ်တလောနှစ်များအတွင်း အီသီယိုးပီးယားနိုင်ငံ နေရာအတော်များများတွင် တိုင်းရင်းသားလူမျိုးစုနှင့် ပတ်သက်သည့် ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

ဝန်ကြီးချုပ် အဘီအာမက်သည် ယမန်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးသည့်အချိန်မှစ၍ နိုင်ငံရေးဖိနှိပ်မှုများ အဆုံးသတ်နိုင်ရေးအတွက် လုပ်ကိုင်လာခဲ့သည်။ ၎င်းအစိုးရသည် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ နိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ပြုခြင်းတို့ ပြုလုပ်ခဲ့ရုံသာမက လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံရသော အရာရှိများကိုလည်း အရေးယူအပြစ်ပေးခဲ့သည်။

Credit: BBC

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button