အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလိုရှိသီရိလင်္ကာနိုင်ငံသား ဖမ်းခံရခြင်းမဟုတ်၊ လာရောက်ရှင်းလင်းခြင်းဖြစ်

အသက် ၃၉ နှစ်အရွယ်ခန့်ရှိတဲ့ Abdul Salam Irshad Mohmood ဟာ ပန်းဘဲတန်းမြို့နယ် လမ်း ၃၁၊ ၃၂ အနီးရှိ တည်းခိုခန်းတစ်ခုမှာ နေထိုင်နေကြောင်း၊ လွန်ခဲ့တဲ့လက သီရိလင်္ကာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဗုံးခွဲမှု တရားခံတွေနဲ့ သူဟာ ပတ်သက်တယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက ဒီအပတ်အင်္ဂါနေ့မှာ သတင်းထုတ်ပြန်တာကို သိရှိရလို့ ဒီကိစ္စကို ရှင်းချင်လို့ သူဟာ အာဏာပိုင်တွေထံ ဒီနေ့ညနေမှာ လာရောက်ပြီး စုံးစမ်းမေးမြန်းခဲ့တာသာဖြစ်ကြောင်း၊ သူ့ကိုဖမ်းဆီးမိခြင်းမဟုတ်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းက တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူ့ကို ဆက်လက်ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ သိရှိရပါတယ်။ Abdul Salam က လာရောက်ရှင်းလင်းတယ်ဆိုပေမယ့် ကနေ့မှာ သူနေထိုင်တဲ့ တည်းခိုခန်းအနီးမှာ ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးဖို့ ကြိုတင်စောင့်ဆိုင်းနေခဲ့တယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အရာရှိတစ်ဦးက ဆိုပါတယ်။

အင်တာနက်လူမှုကွန်ရက်မှာ ပြန့်နေတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ Abdul Salam ဟာ မြန်မာပြည်ထဲကို ၂၀၁၈ ဇန်နဝါရီလထဲက ဝင်ရောက်လာခဲ့ပြီး၊ ဗီဇာသက်တမ်းကျော်လွန်ကာ နေထိုင်နေသူဖြစ်ကြောင်း၊ သူဟာ မကြာသေးမီက သီရီလင်္ကာမှာဖြစ်ခဲ့တဲ့ ဗုံးခွဲမှုတရားခံများနဲ့ ဆက်စပ်နိုင်လို့ သူ့ကိုလက်ခံခဲ့ဖူးတဲ့ ဟိုတယ်၊ တည်းခိုခန်းတွေက သူနဲ့ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေကို အကြောင်းကြားပါလို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles