အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်း မီးလောင်၊ ၈ ဦး ဒဏ်ရာရပြီး ကလေး ၁ ဦး ပျောက်ဆုံးနေ

ရန်ကုန် – ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်ဘက်က ဒုက္ခသည်စခန်းတစ်ခုမှာ အင်္ဂါနေ့နံနက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားတဲ့အတွက် အဆောက်အအုံ ၅၅ လုံး ပျက်စီးသွားပြီး ၂,၂၉၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း ဒေသခံများထံမှ သိရပါတယ်။

မီးလောင်ပြီး တစ်နာရီကျော်အကြာမှ မီးသတ်ကားရောက်လာကြောင်း၊ ကားရောက်လာချိန်မှာ အဆောင် ၅ဝ နီးပါး မီးထဲပါသွားပြီးဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးမျိုးလှိုင်ဝင်းကပြောပါတယ်။

“မွေးခါစကလေးတစ်ယောက် ပျောက်နေတယ်။ ခုထိ ရှာမတွေ့သေးဘူး။ ဒဏ်ရာရထားတဲ့ ၈ ဦးကိုတော့ ဆေးကုပေးနေပါတယ်” လို့ သူကပြောပါတယ်။

စစ်တွေမြို့အနောက်ဘက်အုန်းတောရပ်ကွက်အနီးမှာ တည်ရှိတဲ့ ဘုဒုဘ(၂)ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူ ၇,၀၀၆ ဦး ရှိပါတယ်။ ဒီစခန်းမှာ နေထိုင်သူအများစုဟာ ၂၀၁၂ လူမျိုးရေး အဓိကရုဏ်းဖြစ်ခဲ့ချိန်က စစ်တွေမြို့ထဲက အောင်မင်္ဂလာ၊ နာဇီ၊ မိဇံစတဲ့ ရပ်ကွက်တွေမှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီစခန်းမှာ မီးလောင်ကျွမ်းမှုကြောင့် နေစရာမဲ့သွားသူတွေကို အာဏာပိုင်တွေက ဘုဒူဘနဲ့ အုန်းတောကြားမှာရှိတဲ့ ဈေးဆိုင်တန်းတွေမှာ လတ်တလော နေရာစီစဉ်ပေးထားပါတယ်။

မီးဘေးဒဏ်ခံရသူ မိသားစုတွေအားလုံးနေထိုင်ဖို့ မလောက်ငဘူးလို့ သိရပါတယ်။

မီးဘေးကြုံခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးချစ်လှိုင်က အာဏာပိုင်တွေ သတ်မှတ်ပေးတဲ့ နေရာသစ်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ပြောပါတယ်။

“စခန်းမှာ မီးမလောင်ဘဲကျန်နေတဲ့အမျိုးတွေရှိတယ်။ သူတိုနဲ့ပဲ နေမှာပါ။ အသစ်ချပေးတဲ့နေရာက နေလို့မဖြစ်နိုင်ဘူး” လို့သူကပြောပါတယ်။

နေရာအသစ်ကို မပြောင်းရွှေ့သူတွေဟာ အာမခံချက်မရှိဘူးလို့ အာဏာပိုင်တွေက ပြောကြောင်း စခန်းတာဝန်ခံ ဦးမျိုးလှိုင်ဝင်းက ရှင်းပြပါတယ်။

“အများစုက မလိုက်ချင်ကြဘူး။ သူတို့ကတော့ အဲဒီကိုမပြောင်းဘူးဆိုရင်၊ စာရင်းမဝင်ထားဘူးဆိုရင် ဘာမှမပေးဘူးလို့ ပြောတယ်” လို့ သူကပြောပါတယ်။

“သူတို့ချပေးတဲ့နေရာက ရေနဲ့အိမ်သာမရှိဘူး။ မီးလောင်ထားတဲ့နေရာမှာပဲ ပြန်ဆောက်ပေးစေချင်ပါတယ်”

ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးမင်းလွင်က ဒဏ်ရာရသူတွေကို ဆေးကုသပေးနေပြီးတော့ ဘုဒူဘဈေးဟောင်းနေရာမှာ နေရာချပေးနေတယ်လို့ ဆိုပါတယ်။

“အဲဒီနေရာမှာ မလောက်ငရင် ကျွန်တော်တို့ ရွတ်ဖျင်တဲတွေထိုးပြီးလုပ်ပေးမှာပါ။ ရေချိုးဖို့နဲ့ အိမ်သာတွေကိုလည်း စီစဉ်ပေးသွားမှာပါ” လို့ ပြောပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button