အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမှုဟောင်းများ ပိတ်သိမ်း၊ ဦးဂမ္ဘီရ ပြန်လည်လွတ်မြောက်

ရန်ကုန် – ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ဦးဂမ္ဘီရအဖြစ်ထင်ရှားခဲ့သော ဦးညီညီလွင်အပေါ် စွဲဆိုထားသည့် အမှုများကို ရန်ကုန်ရှိ သန်လျင်နှင့် ဗဟန်းမြို့နယ် တရားရုံးတို့က သောကြာနေ့မနက်တွင် ရုပ်သိမ်းလိုက်သည်။

ချိပ်ပိတ်ထားသော ဓမ္မာရုံတချို့အတွင်း ၂၀၁၂ ခုနှစ်က ဝင်ရောက်မှုများကို ရုပ်သိမ်းခြင်းဖြစ်သည်ဟု အင်းစိန်ထောင်မှ ပြန်လွတ်လာသူ ဦးညီညီလွင်က ရှင်းပြသည်။

“အဲ့ဒီအချိန်က အဲ့ဒီကျောင်းက သံဃာတွေ က သူတို့ကျောင်းကို ချိပ်ပိတ်ထားတာ လာဖွင့်ပေးပါလို့ပြောလို့ ကျွန်တော်က ရွှေဝါရောင်သံဃာကိုလည်း ဦးဆောင်သူဖြစ်တဲ့အတွက် သွားဖွင့်ခဲ့တာ”ဟု ဦးညီညီလွင်က ပြောသည်။

စစ်အစိုးရလက်ထက် အထင်ကရနိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့သော ဦးညီညီလွင်သည် ထိုင်းမြန်မာနယ်စပ်ကို တရားမဝင်ဖြတ်ကူးမှုဖြင့် မန္တလေးမြို့တွင် ထောင်ဒဏ် ၆ လ ကျခံနေရစဉ် ပြန်လွတ်လာမည့် ရက်ပိုင်းအလိုတွင်မှ ရန်ကုန်မြို့ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရပြီး ၂၀၁၂ ခုနှစ် အမှုဟောင်းများကို ရင်ဆိုင်ရခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြန်လည် ရုပ်သိမ်းလိုက်သည့် အမှုများမှာ အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈၊ အဆောက်အအုံအတွင်း ပုန်းလျှိုးဝင်ရောက်မှုတို့ဖြစ်သည်။

ပြန်လွတ်လာပြီးနောက် ဦးညီညီလွင်သည် ရန်ကုန်မြို့တွင် ရောက်ရှိနေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးသူ မစ္စ ရန်ဟီလီနှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button