အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်းအမှတ်ရခြင်း

သခင်ဗဟိန်း ရာပြည့်အခမ်းအနား – ရန်ကုန်

ရန်ကုန် – မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ဆိုတဲ့စကားနဲ့ ထင်ရှားတဲ့ သခင်ဗဟိန်း နှစ်တစ်ရာပြည့် အခမ်းအနားကို ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံရေးသမားများ၊ နိုင်ငံရေးစိတ်ဝင်စားသူများ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ရာပြည့် အမှတ်တရ အစီအစဉ်တွေကို ပြည်၊ မန္တလေးမြို့တို့မှာလည်း ပြုလုပ်တယ်လို့ သိရပါတယ်။

ကိုလိုနီခေတ် အိုင်အေ အထက်တန်း မြန်မာ တစ်နိုင်ငံလုံး ပထမဆုရှင် သခင်ဗဟိန်းဟာ မန္တလေးဥပစာကောလိပ်ရဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့သူပါ။

မကွေးမှာ ပိတ်မိနေတဲ့ ရေနံမြေ အလုပ်သမားသပိတ်တပ် ရန်ကုန်ကို ချီတက်ရေး တရားဟောချိန်မှာ သခင်ဗဟိန်းက “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ သူပြောသလိုပဲ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီး တစ်နိုင်ငံလုံးကို ပျံ့သွားပါတယ်။

၁၉၃၉ ခုနှစ်က ရန်ကုန်မှာ သခင်အောင်ဆန်းတို့နဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင် ထူထောင်ရာမှာလည်း သခင်ဗဟိန်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သခင်ဗဟိန်းဟာ ကရင်၊ ဗမာ သွေးစည်းရေးစာတမ်းကို ကိုယ်တိုင်ပြုစုရေးသားခဲ့ပြီး တို့ဗမာအစည်းအရုံးခေါင်းဆောင်၊ ကွန်မြူနစ်ပါတီခေါင်းဆောင် ၊ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင် ၊ ဖက်ဆစ်တော်လှန်ရေး ပြောက်ကျားစစ်ခေါင်းဆောင် ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် စတဲ့ တာဝန်များလည်း ယူခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးမကောင်းတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ကုသမှု ခံယူနေတုန်း ၁၉၄၆ နိုဝင်ဘာမှာ ကွယ်လွန်ခဲ့ပါတယ်။

(ပြည့်ပြည့်သည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာသင်ယူနေသူတစ်ဦးဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ယာယီ လုပ်ကိုင်လျက်ရှိသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button