အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမတ်များကို ချိတ်ဆက်ရန် မိုဘိုင်းဖုန်းနည်းပညာသစ် ထွက်ပေါ်

ရန်ကုန် – စမတ်ဖုန်းသုံးသူများသည် လွှတ်တော်အသီးသီးမှ အမတ်တို့ကို တိုက်ရိုက် ဆက်သွယ်ရန် ပိုမိုလွယ်ကူတော့မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အမတ်များကို ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်၊ အီးမေးလိပ်စာ၊ ကိုယ်ရေးအချက်အလက်တချို့ ပါဝင်သည့် မိုဘိုင်းဖုန်းအပလီကေးရှင်းကို ရန်ကုန်အခြေစိုက် ပွင့်လင်းလွှတ်တော်အဖွဲ့က စက်တင်ဘာ ၁၉ တွင် အများပြည်သူနှင့် မိတ်ဆက်ပေးလိုက်သည်။

စမတ်ဖုန်းများတွင် ထည့်သွင်းနိုင်သည့် လမ်းညွှန်ချက်များကို ပွင့်လင်းလွှတ်တော် အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

https://www.facebook.com/OpenHluttaw/posts/696461540557224

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပွင့်လင်းလွှတ်တော်အဖွဲ့မှ တာဝန်ခံ ကိုစိုးလင်းထွဋ်က ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များကြား ဆက်သွယ်ရေး အဆင်ပြေစေရန် ဖန်တီးထားသည့် မိုဘိုင်းဖုန်းအပလီကေးရှင်းတွင် စာလုံးပုံစံ အခက်အခဲကို ဖြေရှင်းပေးထားသည်ဟု ပြောသည်။

“မြန်မာဘာသာနဲ့အသုံးပြုမယ်ဆိုရင် ဇော်ဂျီနဲ့ပဲ ကြည့်ကြည့်၊ ယူနီကုဒ်နဲ့ပဲ ကြည့်ကြည့် အဆင်ပြေအောင် လုပ်ထားပါတယ်” ဟု ကိုစိုးလင်းထွဋ်က ဆိုသည်။

ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော် ၁၄ ခုမှ အမတ်များ၏ အချက်အလက်တို့ကို သုံးလအတွင်း ထည့်သွင်းမည် ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးမှ တပ်မတော်သားကိုယ်စားလှယ်တို့ကို ထည့်သွင်းမည် မဟုတ်ကြောင်း သူက ရှင်းပြသည်။

“ရည်ရွယ်ချက်ကိုက မဲပေးထားတဲ့ ပြည်သူတွေက သူတို့မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်တွေကို တိုက်ရိုက် ဆက်သွယ်ဖို့လေ။ တပ်မတော်သားကိုယ်စားလှယ်တွေကျတော့ တပ်မတော်က တိုက်ရိုက်ခန့်တော့ လူတွေက သူတို့ကိုဆက်သွယ်ပြီးတော့ ပြောလို့မရဘူး” ဟု ကိုစိုးလင်းထွဋ်ကပြောသည်။

အမျိုးသားလွှတ်တော်မှ ဒေါက်တာမြသောင်းက အမတ်များသည် လွှတ်တော်အစည်းအဝေး ကျင်းပသည့်ကာလများတွင် လူထုကြားထဲ သွားရောက်နိုင်ခြင်း မရှိကြောင်း၊ ပွင့်လင်းလွှတ်တော် နည်းပညာ အစီအစဉ်ကြောင့် ပြည်သူနှင့် ဆက်သွယ်ရေး ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း ပြောသည်။

“ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဆက်သွယ်လိုတာလည်း နိုင်ငံသားများရဲ့ရပိုင်ခွင့်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလိုဆက်သွယ်ခြင်းအားဖြင့် အစိုးရရဲ့လုပ်ဆောင်ချက်များ၊ ပြဿနာများကို ဘယ်လိုဖြေရှင်းလဲ ဆိုတာကို သိမှာဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) ကိုယ်စားလှယ် ဒေါက်တာမြသောင်းက ပြောသည်။

ဖုန်းအပလီကေးရှင်းတွင် လွှတ်တော်ရေးရာကော်မတီများကို ဆက်သွယ်နိုင်သည့် လိပ်စာများလည်း ပါဝင်ကြောင်း တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles