အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်နက်ကြီးကျည်ရှောင် ဖားကန့်ဒေသခံတို့ နေရပ်ပြန်ပြီ

ရန်ကုန် – ကချင်ပြည်နယ် ဖားကန့်မြို့နယ် ခွမ်ဆိုင်ယန် ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် တိမ်းရှောင်နေရသည့် ဒေသခံများ ရက်ပိုင်းအတွင်း နေရပ်ပြန်သွားပြီဖြစ်ကြောင်း လဝါး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒွဲအောင်က စက်တင်ဘာ ၂၆ တွင် ပြောသည်။

“လက်နက်ကြီးပစ်တာလည်း နားသွားတယ်။ ဒီမှာ စားရေးသောက်ရေးလည်း ခက်ခဲတော့ သူတို့က ပြန်ဖို့ဆွေးနွေးတယ်။ အဲဒါကြောင့် ဒီနေ့ မနက်ပဲ အားလုံးကို ပြန်ပို့ပေးလိုက်တယ်။ အားလုံးပြန်သွားကြပါပြီ ” ဟု ဦးဒွဲအောင်က ပြောသည်။

တိမ်းရှောင်လာသူ ၄၅၀ ဝန်းကျင်သည် ဘုရားကျောင်းများ၊ ဆွေမျိုးတို့၏ နေအိမ်များတွင် ယာယီ ခိုလှုံခဲ့ရသည်ဟု ဆိုသည်။

စက်တင်ဘာ ၂၃ တွင် လယ်ကွင်းထဲသို့ လက်နက်ကြီးကျည် ၄ လုံးခန့် ကျရောက်ကြောင်း၊ နောက်တစ်နေ့ညနေပိုင်းတွင် လက်နက်ကြီးပစ်သံ ဆယ်ချက်ခန့် ကြားရပြီး ရွာအတွင်းသို့ ၂ လုံး ကျရောက်ကြောင်း ဦးဒွဲအောင်ကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေသခံတို့ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ဦးဒွဲအောင်က ပြောသည်။

“သူတို့ လက်နက်ကြီးပစ်တဲ့ အကြောင်းကတော့ ခွမ်ဆိုင်ယန် အထက်နားမှာ KIA စစ်သားတွေ ရှိတယ်။ သူတို့ကတော့ KIA စစ်သားကို ပစ်တယ်ဆိုပြီးတော့ ပစ်တာပေါ့။ KIA စစ်သားတွေရှိတဲ့ဘက် မကျဘဲနဲ့ ရွာထဲကို ကျလာတာ” ဟု ဦးဒွဲအောင်က ရှင်းပြသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြင်ဆင်ချက် – ပုံစာတွင် ပါဝင်သော “၂ဝ၁၈ သြဂုတ်လ” ကို “၂ဝ၁၇ သြဂုတ်လ” ဟု ပြင်ဆင် ဖတ်ရှုပါရန်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button