အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုပ်ငန်းမပြနိုင်သည့်မြေ ပြန်သိမ်းရန် ရန်ကုန်လွှတ်တော်တွင် အဆိုတင်မည်

ရန်ကုန် – နည်းလမ်းအမျိုးမျိုးဖြင့်ရယူထားပြီး လုပ်ငန်းအကောင်အထည်မဖော်သေးသည့် နိုင်ငံပိုင်မြေနှင့် နိုင်ငံပိုင်အဆောက်အအုံများကို ပြန်လည်စီမံခန့်ခွဲရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ရက်ပိုင်းအတွင်း တိုင်းလွှတ်တော်တွင် တင်သွင်း၊ ဆွေးနွေးမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ အမတ်တစ်ဦးဖြစ်သူ ဦးလှဌေးက အောက်တိုဘာ ၁၁ တွင် ပြောသည်။

“ကျွန်တော်ဆွေးနွေးလိုတာက တပ်သိမ်းမြေအပါအဝင် နိုင်ငံပိုင်မြေတွေ၊ အဆောက်အအုံတွေကို အများသိအောင် တင်ဒါခေါ်တာမျိုး မလုပ်ဘဲနဲ့ လက်သိပ်ထိုးယူထားပြီး အကောင်အထည် မဖော်သေးတဲ့ဟာတွေကို ပြန်သိမ်းယူဖို့ကိစ္စပါ။ လယ်သမားတွေဆီက နည်းအမျိုးမျိုးနဲ့ သိမ်းယူထားတဲ့ မြေတွေလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၁၉ တွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ပုဇွန်တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးတင့်လွင်ကလည်း အလားတူ ပြောသည်။

“ဒီကိစ္စတွေက မဖြစ်သင့်ဘူးလေ။ စက်မှုဇုန်တွေထဲမှာဆို မြေနေရာယူထားပြီးတော့ အခုထိ စက်ရုံတည်ဆောက်ရေး မလုပ် သေးတဲ့သူတွေ အများကြီး။ ဒါတွေကို စည်းကမ်းနဲ့ညီမညီ ပြန်စစ်ပေးဖို့ ကျွန်တော်က အဆိုရှင်တင်သွင်းတာကို ထောက်ခံ ဆွေးနွေးသွားမှာ” ဟု ဦးတင့်လွင်က ပြောသည်။

ထောက်ခံမည့် အခြား အမတ်တစ်ဦးမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ဦးညီညီက ဖြစ်သည်။

၎င်း၏မြို့နယ်အတွင်း မီးတားကွင်းများ၊ ယခင်မြေပုံတွင်ပါခဲ့သော လမ်းများကို မြေကွက်အဖြစ် အသုံးပြုခွင့်ပေးထားသည့် ဖြစ်ရပ်များအကြောင်း လွှတ်တော်တွင် ဆွေးနွေးမည်ဟု ဦးညီညီက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button