အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပြည်နယ် မြောက်ဦးတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ နီးပါး ရာထူးမှနုတ်ထွက်

ရန်ကုန် – ယမန်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုအတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး လေးဦးကို ဝင်ရောက်ဖမ်းဆီးသွားပြီး မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/ ဖြင့် အမှုဖွင့်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် အုပ်ချုပ်ရေးမှူး ၈၈ ဦးသည် ၎င်းတို့ရာထူးမှ ယနေ့တွင် နုတ်ထွက်သွားကြသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် ယနေ့ နေ့လယ်ပိုင်းတွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးထံတွင် နုတ်ထွက်စာတင်ခဲ့ကြပြီး ရပ်/ကျေး တံဆိပ်တုံးများကိုလည်း ပြန်လည်အပ်နှံခဲ့ကြသည်ဟု ရခိုင်ပြည်နယ်လွှတ်တော် မြောက်ဦးမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဖမ်းဆီးခံလိုက်ရသူများသည် ကျောက်ဆည်ပြင်၊ ရန်အောင်ပြင်၊ ပြိုင်းချ၊ ပေါက်ပင်ကွင်းကျေးရွာများမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများဖြစ်ပြီး ၎င်းတို့သည် ယမန်နေ့ နေ့လယ်ပိုင်းက မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်း ကျင်းပသည့် လပတ်အစည်းအဝေးတွင် ဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း အကြောင်းမကြား၊ ခရိုင် အုပ်ချုပ်ရေးမှူးကိုလည်း အကြောင်းမကြားဘဲ ဒီလိုမျိုး ဖမ်းဆီးခံရတယ်ဆိုတာ သူတို့ဘဝရဲ့ ဘဝလုံခြုံမှု မရှိဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ သူတို့ နုတ်ထွက်ကြမယ်ဆိုပြီး ဖုန်းဆက်ကြပါတယ်ဟု ဦးထွန်းသာစိန်က ပြောသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်စာတင်ခြင်းကို မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန် ကအတည်ပြုခဲ့ပြီး အထက်အရာရှိများထံ တင်ပြထားကြောင်း Myanmar Now ကိုပြောသည်။

အစည်းအဝေးခန်းထဲမှာကို လာပြီး ဆွဲတယ်ဆိုတော့ ခြံထဲကကြက်ကို ရိုက်သတ်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့ဗျာ။ အိမ်မှာဖမ်းတာမဟုတ်ဘူး။ တကယ့်ကို အရေးကြီးတဲ့ အစည်းအဝေးမှာကို ဝင်ဖမ်းတယ်ဆိုတော့ တကယ့်ကို လုံခြုံမှုမရှိတော့ဘူးဟု ရာထူးမှ နုတ်ထွက်ခဲ့သည့် ကန်စောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောနိုင်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button