
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၏ အနောက်ဘက် ၁၂မိုင်အကွာရှိ ညောင်ပင်သာကျေးရွာနှင့် ကန်သာကုန်းကျေးရွာကို နိုဝင်ဘာ ၂၉ တွင် စစ်သားအင်အား ၆၀ခန့် ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ခဲ့သည်။
ရွှေဘို – ရေဦး ကားလမ်းဘေးရှိ ညောင်ပင်သာကျေးရွာအဝင်တွင် ခုခံခဲ့သော်လည်း လက်နက်အင်အား ကွာဟမှုကြောင့် နောက်ဆုတ်ပေးခဲ့ရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။
စစ်သားများ မီးရှို့မှုကြောင့် အိမ်ခြေ ၁၈၀၀ခန့်ရှိသည့် ညောင်ပင်သာရွာမှ နေအိမ် ၅၆ လုံးနှင့် အိမ်ခြေ ၆၀၀ခန့်ရှိသည့် ကန်သာကုန်းရွာမှ နေအိမ် ၆၆လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။ ကန်သာကုန်းကျေးရွာသည် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်ကြသည့် ကျေးရွာ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://www.youtube.com/watch?v=dqP4N6yl34Q]