ရုပ်သံ

ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများဖြင့် စစ်ကောင်စီ တိုက်ခိုက်နေဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)စခန်းကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီက တစ်ပတ်နီးပါး အတွင်း လေကြောင်းမှ အကြိမ် ၃၀ ကျော် ဗုံးကြဲရာတွင် ဖျက်အားပြင်းသည့် ပေါင် ၅၀၀ ဗုံးများပါဝင်ကြောင်း TNLA ဘက်က ပြောသည်။

နမ့်ဆန်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကုန်းသာရွာအနီးတွင် မြေပြင်၊ ဝေဟင် စစ်ဆင်လာသည့် စစ်ကောင်စီကို ဒီဇင်ဘာ ၇ ရက်မှစကာ အပြင်းအထန် ခုခံနေရကြောင်း TNLA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်ကူများပေးပို့နေသလို မြောက်ဘက် မိုင် ၃၀ ကျော်ကအကွာတွင်ရှိသည့် မန်တုံ၊ မိုးမိတ်မြို့များမှ စစ်ကောင်စီတပ်များကလည်း ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ၎င်းထံမှသိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=bs7t2Nd9bhY]

Show More

Related Articles

Back to top button