အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဘုတလင်မြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ အရှေ့ဘက်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တစ်ခု(ကြောင်ပန်းဂိတ်)ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(မတ် ၁၄) နံနက်ပိုင်းက ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

စစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီတပ်ဖွဲ့များ ကင်းပုန်းဝပ်လေ့ရှိသည့် ပိတ်ထားသော Denko ဆီဆိုင်ကိုလည်း ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သည်။

စစ်သား ၂၀ခန့် တပ်စွဲထားသည့် ထိုနေရာကို MDF ဟု အတိုကောက်ခေါ်သော ရွှေဘိုခရိုင်တပ်ရင်း ၂၆နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=AFx586cDTdo]

Related Articles

Back to top button