အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မလေးသွားမည့်သူ ၁ဝဝ ကျော် ပါသည့်လှေ ရသေ့တောင်တွင် သောင်တင်

(ရန်ကုန်) — မလေးရှားသို့ ဦးတည်ထွက်ခွာလာစဉ် စက်လှေပျက်ပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကမ်းခြေတစ်နေရာသို့ ယနေ့(ဇွန်လ ၁၁) ရောက်ရှိလာသည့် လူ၁ဝဝ ကျော်၏ ခရီးစတင်ရာဒေသကို စုံစမ်းစစ်ဆေး နေကြောင်း ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောသည်။

ဆင်ပိုက်ကျေးရွာနှင့် အောင်ဗလကျေးရွာကြားတွင်အမျိုးသား ၃၅ ဦး ၊ အမျိုးသမီး ၅၂ ဦး၊ ကလေး ၁၇ဦး တို့ကို ဆင်ပိုက်ကျေးရွာနှင့် အောင်ဗလကျေးရွာကြားတွင် ရသေ့တောင် အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကနဦး စစ်ဆေးချက်အရ ဇွန်လ၈ရက်က ဘင်္ဂလားဒေ့ရှ်မှ မလေးရှားသို့ ထွက်ခွာလာခဲ့ပြီး ဇွန်လ ၁၁၊ နံနက် ၆ နာရီအချိန်ခန့်တွင် စက်လှေပျက်၍ အောင်ဗလကျေးရွာအနီး ပင်လယ်ကမ်းစပ်အနားသို့ ရောက်ရှိ ရပ်နားခဲ့ခြင်းဖြစ်သည်ဟု အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက ပြောသည်။

“သူတို့ ကမ်းခြေကို လျှောက်လာတာကို ရခိုင်တံငါသည်တစ်ယောက်က တွေ့လို့ပေါ့။ သူတို့ကို ဘင်္ဂလီ စကားတတ်တဲ့ ရခိုင်တွေက မေးကြည့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကူးလာတယ်လို့ ပြောတယ်။ သူတို့ကို ရဲတပ်ဖွဲ့ကို သတင်းပို့လိုက်တယ်။ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်တာပေါ့” ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့ကို စစ်ဆေးရန် မောင်တောသို့ မွန်းလွဲပိုင်းတွင် ခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

“ဟိုရောက်မှ အဖွဲ့စုံက စစ်ဆေးမယ် ထင်တယ်။ အရေအတွက်တွေ စစ်ဆေးပြီးမှ မောင်တော ငခူရ စခန်းမှ စစ်ဆေးမယ် ဆိုပြီးခေါ်သွားကြတာ” ဟု ရသေ့တောင်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဆိုသည်။

၎င်းတို့ကို စစ်ဆေးနေဆဲကြောင်း ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပြီး အသေးစိတ်ကို အစိုးရက သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button