အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုလဲမြို့ရှိ ပျူစောထီးရွာကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးတို့ တပ်စွဲထားသည့် ဇီးဖြူကုန်းရွာကို ယမန်နေ့ (နိုဝင်ဘာ ၂၁) မွန်းလွဲပိုင်းတွင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်သည်။

မြို့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ဇီးဖြူကုန်းရွာတွင် အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသော ထိုလက်နက်ကိုင်များကို ယင်းမာပင်၊ ပုလဲအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ညနေပိုင်းအထိ တိုက်ခိုက်ခဲ့သည်၊ ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိဟု တော်လှန်ရေးအင်အားစုတို့က ဆိုသည်။

“လက်နက်ကြီးတွေနဲ့ ပတ်ပတ်လည်ဝိုင်းပြီး ပစ်တယ်။ နောက်ပိုင်းမှာ ဂန်း(သေနတ်) သမားတွေက ရွာနားကို တဖြည်းဖြည်းဝင်ကပ်တယ်။ (စစ်ကောင်စီ) ကင်းပုန်းနဲ့ တွေ့တော့ battle (မျက်နှာချင်း) ဆိုင်ပြီး ပစ်ကြသေးတယ်” ဟု ပုလဲမြို့နယ် ကာကွယ်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရသွားကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Myanmar National Armed Force အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲအတွင်း ပျူစောထီးရွာရှိ အရပ်သားများ၏ အခြေအနေကို မသိရသေးပေ။

ဇီးဖြူကုန်းရွာအတွင်း ကတုတ်ကျင်း ၄ ခုခန့် အခိုင်အမာတူး၍ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က  အနီးဝန်းကျင်ရွာများကို ဝင်ရောက်စီးနင်း၊ မီးရှို့ခြင်း၊ ပစ္စည်းများယူဆောင်ခြင်း၊ အနီးဝန်းကျင်ကို သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်နေခြင်းတို့ကြောင့် ဒေသခံတို့ ဒုက္ခတွေ့နေကြကြောင်း၊ ဒေသခံတချို့မှာ နေရပ် စွန့်ခွာ ထွက်ပြေးနေကြရကြောင်း အထက်ပါ ပုလဲကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“အဲဒီရွာမှာ သူတို့က တပ်စွဲထားတော့ ဘေးနားကရွာတွေက တောင်သူတွေလုပ်လို့မရဘူး၊ အဲဒီရွာနားက လယ်ကွက်တွေဆိုရင် ဘာသီးနှံမှကို စိုက်လို့ကိုမရဘူးဖြစ်နေတာ။ ရွာနားပတ်ဝန်းကျင် လူမြင်တာနဲ့ ဂန်း(သေနတ်) နဲ့ ထွက်ထွက်ပစ်တော့တာ” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်များကို ၂၀၂၂ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – 96 Soldiers PDF

ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းနှင့် အင်မထီးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ တပ်စွဲထားကြရာ တော်လှန်ရေးအဖွဲ့တို့က မကြာခဏ သွားရောက်တိုက်ခိုက်နေကြသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

တောတောင်ပေါများသည့် ပုလဲမြို့နယ်သည် မကွေးတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်သည်။ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ဒေသများတွင် ပုလဲမြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။

နိုင်ငံအနှံ့ခုခံမှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အရပ်သားအချို့ကို နည်းမျိုးစုံဖြင့် စည်းရုံး၍ ပျူစောထီးအဖွဲ့များဖွဲ့ကာ စစ်ရေးလှုပ်ရှားမှုများလုပ်နေသည်။ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများပါ သုံး၍ တော်လှန်ရေးအဖွဲ့များ ရှိနိုင်သည်ဟု ယူဆရသည့် နေရာများကို တိုက်ခိုက်နေရာ ကလေးများ အပါအဝင် အရပ်သားအများအပြား ထိခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles