အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီအပေါ် ဝေဖန်မှုမြင့်တက် 

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာစစ်ကောင်စီကို ဝေဖန်မှုများမြင့်တက်နေပြီး၊ မြန်မာ့အရေးဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ အကျပ်ရိုက်လျက်ရှိသည်။

အာဆီယံဘုံသဘောတူညီချက်ကို လျစ်လျူရှုကာ အာဏာသိမ်းစစ်တပ်က နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်လိုက်ပြီးနောက် အာဆီယံခေါင်းဆောင်များ အမျက်ဒေါသထွက်ခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အကျယ်တဝင့် ဆွေးနွေးစရာ ကိစ္စရပ်ဖြစ်လာသည်။​

နိုင်ငံပေါင်း ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး ဒေသတွင်း အင်အားအကြီးဆုံးအဖွဲ့အစည်းမှာ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်မစွက်ရေးမူကို တစိုက်မတ်မတ် ကိုင်စွဲလာခဲ့သော်လည်း စစ်ကောင်စီလုပ်ရပ်ကြောင့် အပြင်းအထန် ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်သည်။

မည်သည့်တိုးတက်မှုမျှ မရှိဘဲ မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံနေခြင်းမှာ တန်ဖိုးလုံးဝမရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ယမန်နေ့ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ခဲ့ခြင်းမှာ ဆုတ်ယုတ်မှုကြီးတစ်ခုဖြစ်သည်ဟုလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးတင်သည်။

ထိုအခြေအနေများကို ရည်ညွှန်းလျက် “ကျွန်တော်တို့အလုပ် ကျွန်တော်တို့ ဆက်လုပ်ရပါမယ်။ ဓားစားခံတော့ အဖြစ်မခံနိုင်ဘူး” 

မြန်မာစစ်တပ်သည် အာဆီယံအထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုများကို မထီမဲ့မြင်ပြုနေကြောင်း၊ စိုးရိမ်စရာ ဆုတ်ယုတ်မှုများသာ ဖြစ်နေကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးတန်ကြီးဌာန၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အာဆီယံဒေသအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ အတတ်ကြွဆုံး နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်သည့် မလေးရှားနိုင်ငံမှ Saifuddin Abdullah ကလည်း စစ်ကောင်စီကို ပြတ်ပြတ်သားသား အရေးယူရန် အစည်းအဝေးမတိုင်မီ ကြိုတင်ပြောဆိုထားသူဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးကျင်းပချိန်အထိ တိုးတက်မှု တစ်စုံတစ်ရာ မရှိပါက အဖွဲ့ဝင်အဖြစ်မှ မြန်မာကို ရပ်ဆိုင်းထားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့အစည်းအဝေးအပြီးတွင် မီဒီယာများကို ထုတ်ဖော်ပြောဆိုသည်။​

လာမည့် အောက်တိုဘာလတွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖေါ်နိုင်သည်ကို ထောက်ပြကာ စစ်ကောင်စီသည် အကြိမ်ကြိမ် ကတိဖျက်သည်ဟု အစည်းအဝေးသို့ ပေးပို့သည့် ရုပ်သံဖိုင်တွင် ထည့်သွင်းပြောကြားသည်။ 

စစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်မည့် အရိပ်အယောင်ပင် မတွေ့ရခြင်းကြောင့် မည်သို့ကိုင်တွယ်သင့်သည်ကို အာဆီယံခေါင်းဆောင်များက အကြံပြုကြရန်လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံကလည်း မြန်မာစစ်ကောင်စီကို အကြီးအကျယ် စိတ်ပျက်ရသည်ဆိုကာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်သုံးသပ်ရတော့မည်ဟု အစည်းအဝေးအဖွင့်တွင် ပြောဆိုသည်။

“အကျဉ်းသားတွေ ထပ်ပြီးကွပ်မျက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပြန်စဉ်းစားရပါတော့မယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူကို အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ကာ မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် စေလွှတ်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။​

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကမူ အာဆီယံဘုံသဘောတူညီချက်များ အကောင်အထည်မဖေါ်နိုင်ခြင်းမှာ ကိုဗစ်ရောဂါကာကွယ်ရန် လုံးပန်းနေရခြင်း၊ နိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့်ဟု ဆင်ခြေပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button