အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီကို အပြုတ်တိုက်သည့် နည်းလမ်းသာရှိတော့ကြောင်း KNU ပြော 

အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှလွတ်မြောက်ရေး စိတ်ကူးယဉ်လို့ မရဘဲ အပြုတ်တိုက်သည့် နည်းလမ်းသာရှိတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားလိုက်သည်။​

“ဒီအချိန်က အားလုံးလက်တွဲပြီး တိုက်ရမယ့်အချိန်ရောက်ပြီ။ ဘာမှ စိတ်ကူးယဉ်လို့ မရတော့ဘူး။ အပြုတ်တိုက်လိုက်ဖို့ပဲရှိတယ်။ အဲဒါ အဖြေပဲ။ တခြားရွေးစရာမှ မရှိဘဲကိုး” ဟု ၎င်းက ယနေ့ပြောသည်။

နိုင်ငံတကာက အပြင်းအထန် ဝိုင်းဝန်းတားဆီးနေသည့်ကြားမှ စစ်ကောင်စီက သေဒဏ်စီရင်သည့်အပေါ် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြစ်တင်ရှုတ်ချသည့် ကြေညာချက်များလည်း ထုတ်ပြန်ထားသည်။

KNU နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့၏ ယမန်နေ့ ပူးတွဲကြေညာချက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရန် တိုက်တွန်းထားသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို စစ်ကောင်စီ၏ သေဒဏ်စီရင်ခြင်းမှာ အကြမ်းဖက် လူသတ်မှု သက်သက်သာဖြစ်ကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်သည် ခေတ်အဆက်ဆက်တွင် လူနည်းစု တိုင်းရင်းသားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ထပ်မံအတည်ပြုခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီကို အပြုသဘောဆောင် ချဉ်းကပ်ပြီး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းက အဆင်ပြေနိုင်မည်ဟု ယုံကြည်နေသူများ သဘောပေါက်နားလည်စေရန် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ပဒိုစောတောနီးက ဆိုသည်။

လက်ရှိရင်ဆိုင်နေရသည့် စစ်အာဏာရှင်သည် ခေတ်အဆက်ဆက် အာဏာရှင်များနှင့် နှိုင်းယှဉ်ပါက အင်အားအနည်းဆုံးဖြစ်သော်လည်း ကြမ်းတမ်းရက်စက်ပြီး အရမ်းကားဆုံးဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။​

“သူတို့ကိုယ်တိုင်က သူများကို ကြောက်အောင်လုပ်နေပေမယ့် သူတို့ကိုယ်တိုင်က တအားကြောက်နေတယ်ဆိုတာ ရှင်းနေတာပဲလေ”

စစ်ကောင်စီ၏ သေဒဏ်စီရင်သည့် လုပ်ရပ်အပေါ် ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ အပါအဝင် ချင်းပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့များကလည်း ပြစ်တင်ရှုတ်ချထားသည်။

သံတမန်နှင့် နိုင်ငံရေးအသိုင်းအဝိုင်းက မေတ္တာရပ်ခံနေသည့်ကြားမှ သေဒဏ်စီရင်ခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို နှိုးဆွ စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တနင်္လာနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles