အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တွင် သေနတ်ပစ်ခံရသည့် ဗိုလ်ကြီးနှင့်ဇနီး ပွဲချင်းပြီးသေဆုံး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ယနေ့ (ဇူလိုင် ၁၈) နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဇနီးဖြစ်သူ ကားဖြင့် သွားလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသည်ဟု သိရသည်။

သေဆုံးသွားသူ ဇနီးမောင်နှံမှာ အသက် ၃၅ နှစ်အရွယ် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့် ဇနီး မဂျူးဂျူးအောင် တို့ဖြစ်ပြီး၊ လှိုင်မြို့နယ် (၂) ရပ်ကွက်၊ ဘုရင့်နောင် (၉) လမ်းအတွင်း ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံအချို့နှင့် ရဲသတင်းရင်းမြစ်က အတည်ပြုသည်။ 

“အမျိုးသမီးက ကားထဲမှာ အသက်ရှူသေးတယ်။ ဒါပေမဲ့ သွေးတွေက အိုင်နေတာပဲ။ ဒဏ်ရာပြင်းတော့ သေမယ်လို့ ထင်ပါတယ်။ အခုတော့ စစ်တပ်သတင်းတွေမှာ သေပြီလို့ ရေးထားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်သားတစ်ဦးက ပြောသည်။

ရဲသတင်းရင်းမြစ်အဆိုအရ လက်နက်ထုတ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံတစ်ခုမှ အရာရှိဖြစ်သူ ဗိုလ်ကြီးအောင်နိုင်ဖြိုးမှာ လည်ပင်း၊ ဇနီးဖြစ်သူမှာ ဝဲဘက်နားထင်တွင် သေနတ်ဒဏ်ရာရသည်ဟု သိရသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုတိုက်ခိုက်မှုမှာ စစ်ကောင်စီကို ခုခံနေသည့် ရန်ကုန်မြို့အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခု၏ လက်ချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အခုထိတော့ (တော်လှန်ရေး) ရဲဘော်တွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့သတင်း မရှိသေးဘူးဆိုတော့ မထိခိုက်တဲ့ သဘောပါပဲ” ဟု ထိုသူက ယနေ့ မွန်းတည်ချိန်တွင် ပြောသည်။

ရန်ကုန်အခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော ANONYMOUS Urban Guerrillas အဖွဲ့က ယနေ့ တွင် လှိုင်မြို့နယ်အတွင်း ဗိုလ်ကြီးနှင့် ဇနီးကို ရှင်းလင်းခဲ့သည်ဟု ၎င်းတို့၏ telegram စာမျက်နှာတွင် ထုတ်ပြန်သည်။

“စစ်ကောင်စီ အကြမ်းဖက်လက်အောက်ခံများ၊ အားပေးဒလန်များအား ရန်ကုန်အနောက်ပိုင်းခရိုင် လှုပ်ရှားမှုအနေဖြင့် ဆက်လက်ရှင်းလင်းတော့မည်ဖြစ်၍ ထပ်မံသတိပေးပြောကြားတော့မည်မဟုတ်” ဟု ထိုအဖွဲ့က တစ်ပါတည်း သတိပေးထားသည်။

ပစ်ခတ်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ANONYMOUS Urban Guerrillas နှင့် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့တို့ထံမှ သိရခြင်း မရှိပေ။

၎င်းတို့နှစ်ဦးအသတ်ခံရပြီးနောက် ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိစစ်ဆေးနေသည်ဟု လှိုင်မြို့နယ်အတွင်း သတင်းများကို ဖော်ပြပေးနေသော Hlaing Info Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် စီးပွားရေးမြို့တော် ရန်ကုန်တွင် ပြောက်ကျားတိုက်ခိုက်မှုများ ဆက်တိုက်ပေါ်ပေါက်နေသည်။

ယခုလ ၁၅ ရက်နေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီး ဦးစန်းလင်းဆိုသူလည်း မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထိုတရားသူကြီးမှာ နိုင်ငံရေးအမှုများတွင် စစ်ကောင်စီအလိုကျ စီစဉ်ပေးနေသူဖြစ်သောကြောင့် လုပ်ကြံရခြင်းဖြစ်ကြောင်း ထိုပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles