အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဋိပက္ခဒေသ လူငယ်တို့ ဆေးကျောင်းတက်ခွင့် ဘူးသီးတောင်အမတ် တောင်းဆို

အထူးဒေသရှိ လူငယ်များ ဆေးတက္ကသိုလ်ဝင်နိုင်ရေးအတွက် ၎င်းတို့၏ ၁ဝ တန်း စာမေးပွဲ ရမှတ် ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားပေးသည့် အစီအစဉ်တွင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒေသ လူငယ်များလည်း ပါဝင်ခွင့် ရသင့်သည်ဟု ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ယနေ့ (စက်တင်ဘာ၁၇) တွင် ပြောလိုက်သည်။

နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကျောင်းသားများအား အထူးအခွင့်အရေးအဖြစ် စာမေးပွဲအမှတ် အကန့်အသတ်မရှိဘဲ ဆေးတက္ကသိုလ် လျှောက်ထားခွင့်ပေးမည့် အစီအစဉ်ကို အစိုးရက စက်တင်ဘာလဆန်းတွင် ထုတ်ပြန်ကြေညာပြီးဖြစ်သည်ဟု ဘူးသီးတောင်မြို့ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းရွှေက ထောက်ပြသည်။

“ကျွန်တော်တို့ ဘူးသီးတောင်က ပဋိပက္ခဧရိယာလေ။ ပဋိပက္ခဧရိယာ ဆိုတော့ စာသင်ရတာ ကောင်းကောင်း မသင်ရဘူး၊ နယ်စပ်ဒေသဖြစ်တော့။ အဲ့ဒီထဲကမှ ထူးထူးချွန်ချွန် အောင်လာတဲ့ ကလေး ၆ ယောက်ကို ဆေးကျောင်း တက်ခွင့်ရရေး တောင်းဆိုတာပါ” ဟု ၎င်းက ပြောသည်။

ဒေသတွင်း မတည်မငြိမ်မှုများကြောင့် စာသင်ကြားခွင့် အခက်အခဲရှိခဲ့သော်လည်း ရမှတ် ၄၃၇ နှင့် ၄၉၇ ကြား ရရှိသည့် ဘူးသီးတောင်မြို့နယ် အ.ထ.က (၅) မှ ကျောင်းသား၊ကျောင်းသူ ၆ ဦး ဆေးတက္ကသိုလ် တက်ခွင့်ရရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ယနေ့ စာတင်ခဲ့ကြောင်း လွှတ်တော်အမတ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles