အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တွင် အမျိုးသား ၄ ဦး အသတ်ခံရ

ကျောက်စိမ်းထွက်သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၃၁) နံနက်က အမျိုးသား ၄ ဦး၏ အလောင်းများ တွေ့သည်ဟု လူမှုရေးအသင်းတစ်ခုထံမှ သိရသည်။

ဆွတ်အောင်ကျေးရွာ တံတားငယ်တစ်ခုအနီး တွေ့ရသည့် ထိုအလောင်းများကို ဖားကန့်မြို့နယ်ဆေးရုံသို့ နံနက် ၁၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်ဟု လူမှုရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူငယ်တွေချည်းပဲလို့ ပြောလို့မရဘူး၊ လူကြီးလည်း ပါပါတယ်၊ အမျိုးသားတွေချည်းပဲ။ သေနတ်နဲ့ ပစ်သွားတာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူတို့မှာ ဒေသခံများဟု ယူဆရသော်လည်း အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးသူအချို့၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ရကာ တစ်ဦးမှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရကြောင်း Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရှိရသည်။ 

ယမန်နေ့ည ၈ နာရီခန့်က သေနတ်သံအချို့ကြားခဲ့ရသည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

အလောင်းများ၏ အသေးစိတ်အချက်အလက်များကို မသိရသေးသဖြင့် အမျိုးမျိုးမှန်းဆနေကြသော်လည်း ဒေသခံတို့မှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားဆဲဖြစ်သည်ဟု ထိုသူက ပြောသည်။

အမျိုးသား ၄ ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မထုတ်ပြန်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများပေါ်ပေါက်လာခဲ့ပြီး ကချင်ပြည်နယ်နှင့် အခြားတိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲများဖြစ်နေသည်။

မေ ၂၇ တွင် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးခဲ့သည်။

ထိုနေ့တစ်နေ့တည်းတွင် ဖားကန့်မြို့နယ် အောင်စုကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်ခဲ့သည့်အတွက် အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button