ယမန်နေ့ ( မေ ၁၉) ညနေက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအပြီး တွေ့ရှိသော စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်း ၅ ခုတွင် ခြေလျင်တပ်ရင်း ၃၂ ၏ ဒုတပ်ရင်းမှူး၏ ရုပ်အလောင်းလည်း ပါ၀င်သည်ဟု ဝင်တိုက်ခဲ့သည့် ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
သေ့ဘောဘိုးစခန်းမှူး ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်း၊ ဗိုလ်ဟန်လင်းထွန်း နှင့် အခြားအဆင့် ၃ ဦး၏ ရုပ်အလောင်းများဖြစ်ကြောင်း၊ လက်နက်အချို့ကို ရရှိခဲ့ကြောင်း ထိုစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို အတည်ပြုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/V22EtNdhwsE]