ရုပ်သံ

သေ့ဘောဘိုးစခန်းတိုက်ပွဲတွင် စစ်သား ၆ ဦး အရှင်ဖမ်းမိပြီး၊ လက်နက်များ သိမ်းဆည်းရမိ

ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားရာ သေ့ဘောဘိုးစခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်‌ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သား ၆ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပါဝင်တိုက်ခိုက်ခဲ့သော ကော်ဘရာစစ်ကြောင်းမှ ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားနှစ်ဦးကို အရှင်ဖမ်းမိခြင်းဖြစ်ကာ အဝေးပစ်စိန်ပြောင်းများနှင့် ဗုံးသီးများအပါအဝင် လက်နက်ခဲယမ်းမျိုးစုံကို ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/h2lDqAjBjK0]

Show More

Related Articles

Back to top button