အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်သုံးသပ်ရန် KNU အရေးပေါ် အစည်းအဝေးခေါ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ယာယီနုတ်ထွက်ထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အစိုးရနှင့် ၎င်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်များကို ပြန်လည် သုံးသပ်ရန် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ယနေ့ စတင် ခေါ်ယူလိုက်သည်။

ဘားအံခရိုင်၊ လေးဝါးဒေသတွင် နိုဝင်ဘာ ၁ဝ အထိ ငါးရက်ကြာ ပြုလုပ်မည့် အဆိုပါအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အကောင်အထည်ဖော်ရာတွင် တစ်ဆို့နေ သော အကြောင်းရင်းများကို အဖြေရှာ ဆွေးနွေးသွားမည်ဟု KNU က ကြေညာခဲ့သည်။

၂ဝ၁၅ ခုနှစ်က ထိုစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် KNU က စာချုပ်ပါအချက်များတွင် အကောင်အထည် မဖော်နိုင်သေးသည်များ ရှိနေပြီး အနာဂတ်တွင် မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးမည်ဟုလည်း ကြေညာထားသည်။

ပြီးခဲ့သည့် လလယ်ပိုင်း နေပြည်တော်တွင် ပြုလုပ်သည့် NCA ၃နှစ်ပြည့် အခမ်းအနားကာလအတွင်း အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးမှုအပြီးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ ယာယီ ရပ်ဆိုင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ KNU က စာပို့ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သုံးပွင့်ဆိုင် တွေ့ဆုံစဉ် ခွဲမထွက်ရေး၊ တစ်ခုတည်းသောတပ်မတော်ထားရှိရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာထားသည့် KNU သည် နိုဝင်ဘာ ၁ မှ ၃ အထိ ရန်ကုန်မြို့တွင် ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်သည့် အစည်းအဝေးသို့ မတက်ရောက်ခဲ့ပေ။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ အစည်းအဝေးကိုလည်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး တက်ရောက်ခြင်းမရှိသောကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles