လက်နက်ခဲယမ်းများနှင့်အတူ လက်လွှတ်ဆုံးရှုံးခဲ့သော မော်ခီးစခန်းရှိရာ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဝေါလေမြို့ခွဲအတွင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၄၀ ကျော် သေဆုံးသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ဆိုသည်။
သေ့ဘော်ဘိုးရွာတစ်ဝိုက်တွင် ဆက်လက်လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် ပူးတွဲ၍ တိုက်ပွဲဝင်နေသည်ဆိုသော Cobra Column အမည်ရ စစ်အာဏာရှင်တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့အဆိုအရ နှစ်ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေသူ ၆၁ ဦးထိရှိသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/LeQ9c7AOS84]