အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KNU နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ ဗုံးကြဲ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ယနေ့ (မတ် ၂၇) နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီ၏ လေယာဉ်နှစ်စီးက ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။ 

ဖာပွန် (မူတြော်) ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ ဒေဘုနိုရွာ၏ အထက်တန်းကျောင်းဝင်းဟောင်းနှင့် ထီးလေးကွီးကျေးရွာအတွင်း လေယာဉ်တစ်စင်းလျှင် ဗုံးနှစ်လုံးစီ ကြဲချသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လူသူနေထိုင်ခြင်း မရှိသော အိမ်အချို့ ထိခိုက်ပျက်စီးသွားပြီး ပျက်စီးမှုသတင်းအတိအကျကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း၊ အဆိုပါကျေးရွာများကို ယမန်နှစ် ယခုလိုနေ့မျိုးတွင် စစ်တပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချခဲ့ကြောင်း KNU ထုတ်ပြန်ချက်က ဆိုသည်။ 

၂၀၂၁  မတ် ၂၇ ရက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်၏ သီးမူထာစစ်စခန်းကို KNU လက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ထိုနေရာသို့ စစ်တပ်က ဗုံးကြဲခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော KNU ကို စစ်တပ်က လေကြောင်းမှ စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

၂၀၂၁ မတ် ၂၇ မှ ၃၀ ရက်အကြားတွင် KNU တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်၌ တစ်ကြိမ်နှင့် တပ်မဟာ (၅) နယ်မြေ မဲဝိုင်ဒေသ၌ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၀ ဦး သေဆုံးခဲ့ရကြောင်း၊ ဒေသခံ တစ်သောင်းကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNU ၏ မှတ်တမ်းများက ဆိုသည်။

ယနေ့ ဗုံးကြဲမှုနှင့် ပတ်သက်၍ KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုထံ Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်မရသေးပေ။ 

စစ်ကောင်စီတပ်နှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေသော တပ်မဟာ (၅) နယ်မြေတွင် မတ်လအတွင်း၌ တိုက်ပွဲများ ပြင်းထန်နေသည်။

မတ်၂၅ ကလည်း ဒွယ်လိုးမြို့နယ်၊ မယ်ဝေ(မဲဝိုင်) ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီ၏ ကင်းထောက်လေယာဉ် နှစ်စီးနှင့် ရဟတ်ယာဉ်တစ်စီးတို့ လာရောက်ထောက်လှမ်းသည်ဟု KNU တပ်မဟာ (၅) ၏ မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။ 

ထိုလေယာဉ်များကို KNLA အမှတ်(၁၀၂) တပ်ရင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်မှာ ပျက်ကျမှု မရှိသော်လည်း စက်ချို့ယွင်းသွားကြောင်း ထိုထုတ်ပြန်ချက်တွင် ပါဝင်သည်။

KNU ထိန်းချုပ်ရာ ဒေသများအတွင်း တပ်မဟာ (၅) နည်းတူ ၁ နှင့် ၆ တို့တွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေသည်။ မတ် ၂၅၊ ၂၆ ရက်တို့တွင် တပ်မဟာ (၆) နယ်မြေအတွင်း တိုက်လေယာဉ်များဖြင့် စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။ 

အာဏာသိမ်းပြီးချိန် တစ်နှစ်ကျော်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ KNU တို့နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်၍ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မည်ဟု ထိုနှစ်ဖွဲ့စလုံးက ထုတ်ပြန်ထားကြသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button