အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ရေပြတ်နေသော ရန်ကုန်မှ မြင်ကွင်းအချို့

အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့်အတူ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မဟာမြိုင်အိမ်ရာမှ ယနေ့ (မတ် ၁၁) မြင်ကွင်းအချို့ ဖြစ်သည်။ အိမ်ရာအတွင်း နေထိုင်သူများအတွက် လူမှုရေးအသင်းအဖွဲ့များက သောက်သုံးရေ လာရောက်ဖြန့်ဝေပေးနေခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားဖြစ်လာပြီး လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန်မြို့တွင်လည်း လျှပ်စစ်မီးနှင့်အတူ ရေပြဿနာကိုပါ ကြုံတွေ့ခံစားလာရသည်။ ကုန်ကျစရိတ်မြင့်တက်လာကာ နေ့စဉ်လူနေမှုဘဝ ခက်ခဲလာကြောင်းလည်း ရန်ကုန်မြို့နေပြည်သူများထံမှ သိရသည်။

သတင်းနှင့် ဓာတ်ပုံများ – ဝေမျိုး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button