အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆန္ဒပြသံဃာ ၅ ပါးကို မန္တလေးထောင်တွင် အမှုစစ်တော့မည်

စစ်ကောင်စီ ဖမ်းဆီးထားသည့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ သံဃာများအမှုကို မန္တလေးထောင်တွင်းတရားရုံးက မတ်လ ၃ ရက်နေ့တွင် စတင်စစ်ဆေးတော့မည်ဟု သိရကြောင်း ကူညီပေးနေသည့် ရှေ့နေများက ပြောသည်။

စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မန္တလေးမြို့ စိန်ပန်းရပ်ကွက်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂ ရက်က ဆန္ဒပြရာ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့ ဖမ်းဆီးခံခဲ့ရသည်။ 

သံဃာများနှင့်အတူ ကိုရှိုင်းအောင်၊ ကိုဌေးလွင်စိုးနှင့် ကိုမင်းဝင်းတို့လည်း အဖမ်းခံရပြီး အားလုံးကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုစစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

စိန်ပန်းရပ်ကွက်အတွင်း ဆန္ဒပြနေစဉ် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးခန့် ကားနှင့် ရောက်ရှိဖြိုခွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုစဉ်က ထွက်ပြေးလွတ်မြောက်လာသည့် ရဟန်းတစ်ပါးက မိန့်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကားထဲ အရပ်ဝတ်တွေနဲ့ သေနတ်တွေမြင်လိုက်တော့ လူစုခွဲပေမဲ့ မမီဘူး” ဟု ထိုရဟန်းက မိန့်သည်။

မျက်မြင်သက်သေတစ်ဦးကလည်း စစ်သားများက ထိုနေရာတွင်ပင် သံဃာတို့ကို အကြမ်းဖက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“သံဃာတွေကို တစ်ခါတည်း လူဝတ်လဲပြီး ကားပေါ်တင်တယ်။ ပါးတွေရိုက်တယ်” ဟု စိန်ပန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းတိုက်မှ ဦးပညာသာမိသည်လည်း မတ်လ ၃ နေ့တွင်ပင် အမှုစစ်ဆေးခံရမည်ဟု အထက်ပါရှေ့နေက ပြောသည်။ 

စက်တင်ဘာ(၂၈)တွင် အဖမ်းခံခဲ့ရသည့် ဦးပညာသာမိသည်လည်း ပုဒ်မ၅၀၅(က)ဖြင့်ပင် စွဲချက်တင်ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ယခင်လက ထုတ်ပြန်သော စာရင်းများအရ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသူပေါင်း ၁၂၃၀ ဦး ရှိသည်။ ထိုကိန်းဂဏန်းမှာ ထိုအသင်းက လက်လှမ်းမီသမျှ စုံစမ်းထားမှုကို အခြေခံထားခြင်း ဖြစ်သည်။ 

ပုဒ်မ ၅၀၅(က) တွင် “တပ်မတော်အပေါ်တွင် မေတ္တာပျက်ရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန်” လှုံ့ဆော်လျှင် ပြစ်မှုမြောက်သည်ဟု ဆိုထားသည်။

စစ်ကောင်စီသည် ပုဒ်မ ၅၀၅(က) ကို အာဏာသိမ်းအပြီး နှစ်ပတ်အကြာ ဖေဖော်ဝါရီလတွင် ဆောလျင်စွာ ပြင်ဆင်ခဲ့သည်။

ပုဒ်မ ၅၀၅(က) ၏ မူရင်းပြဋ္ဌာန်းချက်တွင် “အစိုးရ၏ ကြည်း၊ ရေ၊ လေ အရာရှိ သို့မဟုတ် တပ်သားအား ပုန်ကန်ရန်” လှုံ့ဆော်လျှင် ပြစ်မှုမြောက်သည်ဟု ဆိုထားသော်လည်း ထိုဝေါဟာရများအစား “တပ်မတော်အပေါ်တွင် မေတ္တာပျက်ရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန်” ဟု အစားထိုးခဲ့သည်။ 

စစ်ကောင်စီက ထောင်ဒဏ်ကိုလည်း ၂ နှစ်မှ ၃ နှစ်အထိ တိုးမြှင့်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို နှိပ်ကွပ်နေသော်လည်း အနယ်နယ်အရပ်ရပ်တွင် အန်တုမှုများ ဆက်ရှိနေမည်ဟု မန္တလေးမှ ရဟန်းတစ်ပါးက မိန့်သည်။

“နေ့စဉ်သာ ဦးဇင်းတို့မထွက်ဖြစ်တာ။ ပြောက်ကျားစနစ်နဲ့ ရရင်ရသလို ဆန္ဒပြနေတုန်းပဲ။ ဒီမတရားမှုကြီး ပပျောက်တဲ့အထိ တော်လှန်နေရအုံးမှာာပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရဟန်းက မိန့်ကြားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles