
စစ်တပ်က အာဏာသိမ်းပြီးတစ်နှစ်ပြည့်သည့်အချိန်တွင် မြန်မာနိုင်ငံရှိ သတင်းထောက်များအတွက် လုံခြုံစိတ်ချမှုလုံးဝမရှိတော့သလို အထူးသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို သတင်းရယူဖော်ပြရန် ကြိုးစားသည့် သတင်းထောက်တိုင်းသည် စစ်ကောင်စီ၏ အငြိုးကြီးကြီးဖြင့် ပစ်မှတ်ထားခံနေရသည်။
စစ်ကောင်စီလက်ထက် တစ်နှစ်အတွင်း သတင်းသမား ၁၂၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ၇၆ ဦး တရားစွဲခံရကာ ၃ ဦး အသတ်ခံခဲ့ရကြောင်း Detained Journalists Group ၏စာရင်းအရ သိရပါသည်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) ၏ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် အဆင့်၁၄၀ တွင် ရှိနေပြီး စစ်တပ်၏အာဏာသိမ်းမှုသည် မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆယ်နှစ်ခန့် နောက်ပြန်ဆုတ်သွားကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/nBcoXA3r4uM]