ရုပ်သံသတင်း

အသံတိတ်သပိတ်မှာ မပါဝင်ဖို့ စစ်ကောင်စီအတင်းအကျပ် ဖိအားပေးနေ

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် စစ်ကောင်စီက လိုက်လံကြေညာနေပြီး ထိုနေ့တွင် ဈေးဆိုင်များဖွင့်ရန် အတင်းအကျပ်ဖိအားပေး လက်မှတ်ထိုးခိုင်းနေသည်။

ပြီးခဲ့သည့် အသံတိတ်သပိတ်နှစ်ကြိမ်စလုံးတွင် တစ်နိုင်ငံလုံးအနှံ့ ပြည်သူပါဝင်မှုအားကောင်းခဲ့သဖြင့် အောင်မြင်ခဲ့ပြီး ယခုတစ်ခေါက်တွင်လည်း စစ်တပ်က အာဏာသိမ်းခဲ့ပေမဲ့ ပြည်သူများကသာ အမှန်တကယ်အုပ်ချုပ်နေကြောင်း ပြသကြရန်နှင့် ပြည်သူကို ယုံကြည်သဖြင့် အသံတိတ်သပိတ်ပြုလုပ်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ဒေါက်တာတေဇာစန်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Wm_UmHjmzsY]

Show More

Related Articles

Back to top button