အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နွားထိုးကြီးမြို့နယ်ရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးတိုင်း၊ ​မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၌ Mytel တာဝါတိုင်အား အမည်မသိအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel လုပ်ငန်းသည်မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်တို့ ပူးပေါင်းလုပ်ကိုင် နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာစစ်တပ်အတွက် ဝင်ငွေများစွာရှာဖွေပေးနေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။

PDF တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန်လမှစ၍ နိုင်ငံတစ်ဝန်းရှိ Mytel တာဝါတိုင်များကို ပစ်မှတ်ထားဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့သည်။ Myanmar Now က စာရင်းစုစည်းထားချက်အရ ပြီးခဲ့သည့်ဇွန်လမှ ယနေ့အထိ Mytel ဆက်သွယ်ရေးတာဝါတိုင်များဖောက်ခွဲဖျက်ဆီးခံရမှု ၈၀ ပတ်ဝန်းကျင်ရှိသည်။

[youtube https://youtu.be/mG8j0kv92u4]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles