
စစ်တပ်က ဝင်ရောက်စီးနင်းနေသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာအနီး ပတ်ဝန်းကျင်တွင် အရပ်သားရုပ်အလောင်း ၆ လောင်းတွေ့ရပြီး အလောင်းမကောက်ရဲသဖြင့် သင်္ဂြိုဟ်ရန် အခက်တွေ့နေကြောင်း ဒေသခံများက ဆိုသည်။
စစ်တပ်၏ စီးနင်းမှုကြောင့် အိမ်ခြေ ၈၀၀ နီးပါး ရှိသည့် ကပေါင်းကျရွာ၊ အိမ်ခြေ ၂၀၀ နီးပါးရှိသည့် လိပ်ခြံရွာနှင့် အနီးအနားရှိ ရွာသစ်ကုန်း၊ အိုင်လျား စသည့်ကျေးရွာများအပါအဝင် ဒေသခံ သုံးထောင်ဝန်းကျင်မှာ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအခက်အခဲ ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။
[youtube https://youtu.be/NeX7Oa1WOn8]



