အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဆွဲလဲအိုရွာ တရားစခန်းကို စစ်တပ်ကဗုံးကြဲခဲ့တဲ့အကြောင်း မျက်မြင်တွေ့ရှိသူပြောပြချက်

“တရားစခန်းကိုတော့ ဗုံးမကြဲလောက်ဘူး ထင်တာပေါ့”   အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့တဲ့မြောင်မြို့နယ်ထဲက ဆွဲလဲအိုရွာ တရားစခန်းကို စစ်တပ်ကဗုံးကြဲခဲ့တဲ့အကြောင်း မျက်မြင်တွေ့ရှိသူပြောပြချက်

ဩဂုတ် ၂၄ ၊ Myanmar Now / ကိုလှိုင်း 

ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ဆွဲလဲအိုကျေးရွာ ရွာဦးဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဥပုသ်စောင့်နေကြတဲ့ အရပ်သား အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး ၂၈ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူထဲက ၁၄ ဦးဟာ ပွဲချင်းပြီးသေဆုံးခဲ့ကြတာဖြစ်ပြီး နောက်ထပ်တစ်ဦးကတော့ ဆေးကုသမှုခံယူယင်း မနေ့ကဆုံးပါးသွားခဲ့တာပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်ကဘုန်းကြီးကျောင်းကို နှစ်ကြိမ်တိုင်တိုင်ဗုံးကြဲဲခဲ့တာဖြစ်ပြီး ဗုံးတစ်လုံးက အမျိုးသားယောဂီအဆောင်ကို ထိမှန်ခဲ့တယ်လို့ ဒေသတွင်းကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပက်သက်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ဆွဲလဲအိုကျေးရွာဒေသခံကို မြန်မာနောင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်-ကိုလှိုင်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles