အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြဝတီမင်းကြီးဆရာတော်၊ ဒေါက်တာသန်းမင်းထွဋ်နှင့် CDM သမားတချို့ ပြန်လွတ်လာ

မန္တလေးမြို့မှ မြဝတီမင်းကြီးဆရာတော်နှင့် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အပါအဝင် တရားစွဲဆိုထားသူအချို့ကို စစ်ကောင်စီက ဩဂုတ် ၂ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်။

အာဏာသိမ်းပြီးလျှင်ပြီးချင်း ဖမ်းဆီးခံခဲ့ရသည့် စစ်တပ်ကို ဝေဖန်သူ မန္တလေးမြို့မှ နောက်ထပ် နာမည်ကျော်ဆရာတော်တစ်ပါးဖြစ်သူ ဦးသောဘိတ (အလင်္ကာကြယ်)မှာမူ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။ နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၃၁ အထိ စာရင်းများအရ စစ်ကောင်စီကို အန်တုဆန့်ကျင်မှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၅၄၄၄ ဦး ထက်မနည်းရှိပြီး ၎င်းတို့အနက် ၂၅၅ ဦးက ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါသည်။

[youtube https://youtu.be/eRfzVffKZ04]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles