
လက်ရှိ စစ်ကောင်စီလက်ထက်တွင် ပြည်သူလူထု၏ ဘဝမှာ နေရေးအပြင် သေရေးပါ ခက်ခဲနေကြောင်း စစ်တပ်ကို အစဉ်တစိုက် ထောက်ခံလာသူလည်းဖြစ်၊ အမျိုးသားရေးသမားလည်းဖြစ်သူ ကိုလတ်(မင်္ဂလာတောင်ညွန့်) ဟု လူသိများသည့် ဦးတင်ထွဋ်ဇော်က ဖွင့်ဟပြောဆိုလိုက်သည်။
ကိုဗစ်နိုင်တင်း တတိယလှိုင်း ရိုက်ခတ်မှုနှင့်အတူ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် ပြည်သူအများအပြား သေဆုံးနေကြရပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း ကိုလတ်၏ မိခင်ဖြစ်သူအပါအဝင် မိသားစုဝင် သုံးဦးလည်း ကိုဗစ်ကြောင့် သေဆုံးခဲ့ရသဖြင့် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
[youtube https://youtu.be/seG26Pp6yHs]



