
ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်း ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထောင်တွင်းဆန္ဒပြမှုကို စစ်ကောင်စီကဝင်ရောက်စီးနင်းပြီး ကိုင်တွယ်ဖြေရှင်းသည့်အခြေအနေနှင့် ပတ်သက်၍ ၂၄ နာရီကျော်လာသည်အထိ တိတိပပ မသိရှိရသေးဘဲ စိုးရိမ်ပူပန်မှုများ မြင့်တက်နေလင့်ကစား စစ်ကောင်စီက သတင်းအမှောင်ချထားဆဲ ဖြစ်သည်။
ဝင်ရောက်စီးနင်းစဉ် အပြင်းအထန် ရိုက်နှက်ခံခဲ့ရသူများအပြင် တိုက်ပိတ်ခံထားရသူ ၂၀ ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများနှင့်ဆိုင်သည့် အဖွဲ့များက ခန့်မှန်းပြောဆိုထားသော်လည်း စစ်ကောင်စီက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။
[youtube https://youtu.be/L6pGfvQ5ieo]



