အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုဗစ်လူနာများကိုဆေးရုံများလက်မခံ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးမှုများပြား

ကိုဗစ်နိုင်တင်း လူနာများကို ဆေးရုံများက လက်မခံနိုင်တော့သဖြင့် သံသယလူနာများသည် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုမရဘဲ သေဆုံးမှုများ ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့အခြေစိုက် ပရဟိတအဖွဲ့များကဆိုသည်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက အောက်စီဂျင်ဖြန့်ဖြူးရောင်းချနေသည့် စက်ရုံအချို့ကို ပုဂ္ဂလိကများဆီ အောက်စီဂျင် မရောင်းချရန် တားမြစ်ခြင်းကြောင့် ရောဂါခံစားနေရသည့်လူနာများ အောက်ဆီဂျင်ပြတ်လပ်သည့်အခြေအနေနှင့်ကြုံတွေ့ရပြီး သေဆုံးမှုပိုများလာကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် လူနာများဆေးရုံတွင်လက်မခံသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီသတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးမြန်းရာ တိတိကျကျဖြေဆိုသွားခြင်းမရှိပေ။

[youtube https://youtu.be/gurpvBnjJ64]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles