
ကိုဗစ်နိုင်တင်း လူနာများကို ဆေးရုံများက လက်မခံနိုင်တော့သဖြင့် သံသယလူနာများသည် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုမရဘဲ သေဆုံးမှုများ ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့အခြေစိုက် ပရဟိတအဖွဲ့များကဆိုသည်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက အောက်စီဂျင်ဖြန့်ဖြူးရောင်းချနေသည့် စက်ရုံအချို့ကို ပုဂ္ဂလိကများဆီ အောက်စီဂျင် မရောင်းချရန် တားမြစ်ခြင်းကြောင့် ရောဂါခံစားနေရသည့်လူနာများ အောက်ဆီဂျင်ပြတ်လပ်သည့်အခြေအနေနှင့်ကြုံတွေ့ရပြီး သေဆုံးမှုပိုများလာကြသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် လူနာများဆေးရုံတွင်လက်မခံသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီသတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးမြန်းရာ တိတိကျကျဖြေဆိုသွားခြင်းမရှိပေ။
[youtube https://youtu.be/gurpvBnjJ64]



