
၅၉နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် “ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ” ၊ “စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့အမြစ်ပြတ်ချေမှုန်းကြ” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” စသည့် ကြွေးကြော်သံများဖြင့် ရန်ကုန်တွင် ယနေ့(ဇူလိုင် ၇) နံနက်ပိုင်းက ချီတက်ဆန္ဒပြကြသည်။
ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံသည် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရကို ပထမဆုံးဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ကျောင်းသားလှုပ်ရှားမှုဖြစ်သလို မြန်မာ့သမိုင်းတွင် အရေးပါသည့် နေ့ရက်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ရက်တွင် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းသဖြင့် ကျောင်းသား၊ ကျောင်းသူဦးရေ ရာနှင့်ချီ ကျဆုံးခဲ့ရသလို ရန်ကုန်တက္ကသိုလ်အတွင်းရှိ သမိုင်းဝင် သမဂ္ဂအဆောက်အအုံလည်း ဖြိုဖျက်ခံခဲ့ရသည်။
Video Credit – T
[youtube https://youtu.be/9qFQcgOmVPc]



