အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းမှာ ယနေ့(ဩဂုတ် ၁၈) နံနက် ၁၁ နာရီခွဲခန့်တွင် သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်သဖြင့် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ဦးအောင်ဆွေထွန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေစဉ် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကာ “ပစ်တဲ့သူတွေက ထွက်ပြေးလွတ်မြောက်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားက ပြောသည်။ 

အသက် ၄၇ နှစ်အရွယ် ဦးအောင်ဆွေထွန်း သေနတ်ဖြင့် ပစ်ခံရချိန်မှာ စစ်ကောင်စီက မြို့နေလူထုကို ကိုဗစ်အကြောင်းပြ၍ တင်းတင်းကျပ်ကျပ် အသွားအလာကန့်သတ်ထားသည့် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်းဖြစ်သည်။

ရွှေလှံရပ်ကွက်တွင် နေထိုင်သည့် လူငယ်အချို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ ဦးအောင်ဆွေထွန်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူ အထက်ပါ အမျိုးသားက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူက ကြံ့ဖွတ်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)။ နောက်ပြီးတော့ ဒလန်(သတင်းပေး) ၇၉လမ်း ၂၉လမ်းဘက်အိမ်တွေကို သူကိုယ်တိုင်လိုက်ပြတာ။ ဖမ်းဆီးတာတွေလုပ်ခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ဦးအောင်ဆွေထွန်းအပေါ် စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ မိသားစုကို ဆက်သွယ်မေးမြန်းရန် Myanmar Now က ကြိုးပမ်းနေဆဲဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများရှိခဲ့သည့် မန္တလေးမြို့တွင် အလောင်းပင် ပြန်မပေး၊ ကားဖြင့်ပင် တိုက်၍ ဖမ်းသည်အထိ ရက်စက်စွာ နှိမ်နင်းနေသည့် စစ်ကောင်စီကို တုံ့ပြန်ပစ်မှတ်ထားတိုက်ခိုက်မှုများ မေလမှစ၍ မကြာခဏပေါ်ပေါက်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button