အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မရမ်းကုန်းလဝကရုံး ပေါက်ကွဲမှုဖြစ်၊ တပ်က ရပ်ကွက်အတွင်း လိုက်လံပစ်ခတ်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား(လဝက) ရုံး၌ ယနေ့ (ဇွန်၂၇) တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိသွားသည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင် ဘုရင့်နောင်လမ်းမကြီးအနီး၊ ဗိုလ်ချုပ်လမ်းရှိ လဝကရုံး၌  ပေါက်ကွဲပြီး၂ နာရီ ၄၅ တွင် နောက်တစ်ကြိမ် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

အကောက်ခွန်ရုံး၊ မီးသတ်ဌာနတို့ပါ တစ်ဆက်တည်းရှိသော လဝကရုံးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခိုင်အမာ စခန်းချထားစဉ် ကားတစ်စီးဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်း ဖြစ်သည်။

“နဂိုကတည်းက လုံခြုံရေးယူထားတဲ့နေရာ။ ဘယ်လိုပစ်သွားလဲ မသိပါဘူး။ ဘယ်ရီဂိတ်တွေနဲ့ အခိုင်အမာ ကာရံထားတဲ့နေရာ။ စစ်ရော၊ ရဲရော နှစ်ကောင်လုံးရှိတဲ့နေရာ”ဟု အမှတ် (၁) ရပ်ကွက်သားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပေါက်ကွဲမှုအပြီး ၎င်းရပ်ကွက်အတွင်းသာမက ဘုရင့်နောင်လမ်းဆုံအထိ စစ်တပ်က လိုက်လံပစ်ခတ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“ပေါက်ကွဲသံ အကျယ်ကြီးပေါက်သံကြားလိုက်ရတယ်။ ဆက်တိုက်ပဲ သေနတ်ပစ်သံတွေကြားရတယ်။ နေရာပေါင်းစုံကနေ ထွက်လာတာ။ ဘုရင့်နောင်လမ်းဆုံဘက်ကလူတွေကို လှမ်းမေးကြည့်တော့လည်း ကားနဲ့ (စစ်တပ်က) လိုက်ပစ်နေတာလို့ ပြောတယ်။ မည်းမည်းမြင်ရာ လိုက်ပစ်နေတာ။ ရပ်ကွက်ထဲမှာလည်း ဆဲဆိုပြီး လိုက်ပစ်နေတာ” ဟု ဆိုသည်။  

အရပ်ဝတ်များ၊ ယူနီဖောင်းဝတ်များ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမှတ် (၁) ရပ်ကွက်အတွင်း နာရီဝက်ကျော်ကြာ မြင်မြင်သမျှ လိုက်လံပစ်ခတ်ခဲ့ကြသည်။

လဝကရုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရကြောင်း မရမ်းကုန်းမြို့နယ်မှ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။

“သူတို့ ၃ ယောက်လောက် ဒဏ်ရာရတယ်လို့ပြောတယ်။ ဘုရင့်နောင်တံတားထိပ်အထိ လိုက်ပစ်တယ်။ ရပ်ကွက်ထဲမှာလည်း ဖြန့်ပစ်နေတယ်။ ကျွန်တော်တို့ အနားကပ်ကြည့်မရဘူး။ သူတို့ဘက်က အင်အားများတယ်”ဟု ၎င်းက ဆိုသည်။

 အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာမရရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button