အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရုရှားရေငုပ်သင်္ဘောကို ရေအောက်ဒရုန်းတွေနဲ့ ယူကရိန်း တိုက်ခိုက်ဖျက်ဆီး

ပင်လယ်နက်ဒေသက ရုရှားရဲ့ နိုဗိုရော့စိခ် (Novorossiysk) ရေတပ်အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားတဲ့  ရေငုပ်သင်္ဘောတစ်စင်းကို ရေအောက်ဒရုန်းတွေနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးဌာန (SBU) က တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက်  ကုန်ကျမယ့် ဒီရေငုပ်သင်္ဘောဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ယူကရိန်း အရာရှိတွေကတော့  ရေငုပ်သင်္ဘောအမျိုးအစားကို ရေအောက်တိုက်ခိုက်ရေးဒရုန်းတွေနဲ့ အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယူကရိန်းရဲ့ ရေကြောင်း စစ်ဆင်ရေးတွေ ပိုမို တိုးတက်လာတာကို မြင်တွေ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles