အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တော်လှန်ရေးအင်အားစုအတွက် အရေးကြီးဆုံးကာလဖြစ်လာမည့် ၂၀၂၅ခုနှစ် လက်ကျန်လေးလ

၂၀၂၅ ခုနှစ်၏ နောက်ဆုံးလများဖြစ်သော စက်တင်ဘာမှ ဒီဇင်ဘာလအထိ ကာလများသည် တော်လှန်ရေးအင်အားစုအတွက် အရေးကြီးဆုံးကာလများ ဖြစ်လာပါလိမ့်မည်။ 

အကြောင်းမှာ မင်းအောင်လှိုင်သည် ၎င်း၏ဆရာသမား သန်းရွှေရေးဆွဲခဲ့သော ရွေးကောက်ပွဲစနစ်အားနည်းချက်များကို ပြင်ဆင်ပြီး၊ နိုင်ငံတော်အာဏာကို စစ်တပ်ပါတီကသာ ရာသက်ပန် ထိန်းချုပ်ကြီးစိုးနိုင်မည့် စစ်ဒီမိုကရေစီစနစ်ကို ရသည့်နည်းဖြင့် အသက်သွင်းတော့မည် ဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်မည့် တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအင်အားစုများ၏ ရည်မှန်းချက်ကို ရွေးကောက်ပွဲနည်းလမ်းဖြင့် တန်ပြန်ထိုးနှက်သည့် မင်းအောင်လှိုင်၏ အစီအစဉ်ကို နိုင်ငံရေး၊ စစ်ရေး နှင့် သံတမန်ရေး နည်းလမ်းအားလုံးအသုံးပြုပြီး ထိရောက်စွာ တုံ့ပြန်ရန် ထို ၄လမှာ အလွန်အရေးကြီးသော ကာလ ဖြစ်သည်။ 

တရုတ်၊ အိန္ဒိယတို့ထောက်ခံမှုဖြင့် မင်းအောင်လှိုင်က စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ထိုးစစ်ဆင်နေပြီဖြစ်ရာ တော်လှန်ရေးအင်အားစု၏ လာမည့်လေးလတာကာလ ခြေလှမ်းများက နိုင်ငံအတွက် လွန်စွာ အရေးကြီးလာပြီဖြစ်ကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles