အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရှမ်း၊ ကယားနယ်စပ် တိုက်ပွဲကြားမှာ ဒေသခံရာချီ ပိတ်မိနေ

ပြီးခဲ့တဲ့ မေလကစလို့ ရှမ်း-ကယားအစပ်က လွိုင်ကော် – ဖယ်ခုံ ကားလမ်းမကြီးကို တကျော့ပြန်ထိန်းချုပ်ချင်တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပြင်ထန်နေတဲ့ တိုက်ပွဲကြောင့် မိုးဗြဲ၊ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ကျော်က ပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရပါတယ်။ 

သုံးလနီးပါးလာကြာချိန် အခုဇူလိုင်လမှာတော့ စစ်ကောင်စီရဲ့ထိုးစစ်ဟာ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အခုရက်ပိုင်းမှာတော့ ဆောင်နန်းခဲ ၊ မိုးဗြဲ၊ ကုန်သာဆောင်ကမ်းရှမ်း သုံးနေရာကို တြိဂံအနေထားနဲ့ ပိတ်ဆို့ပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေပါတယ်။ လက်ရှိအချိန်ဟာ မိုးစပါးစိုက်ပျိုးရာသီ ကာလလည်းဖြစ်တာကြောင့် မတိမ်းရှောင်နိုင်တဲ့ ဒေသခံ ရာနဲ့ချီပြီး တိုက်ပွဲကြားမှာ ပိတ်မိနေကြပါတယ်။ 

နှစ်ဖက်ရင်ဆိုင်တိုက်ပွဲပြင်းထန်နေတဲ့ အခုရက်ပိုင်းအတွင်း ဒေသခံတွေဟာ အန္တရာယ်ကြားကနေ တိုက်ပွဲဇုန်ထဲက တိုးထွက်နေကြရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလှိုင်လ ၆ ရက်ညမှာ လွယ်ထွန်ကျေးရွာထဲကို အချိန် ၃နာရီဝန်းကျင်လောက်ကြာတဲ့အထိ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ အဆက်မပြတ် ကျလာတာကြောင့် ရွာသူ၊ရွာသားတွေ ညတွင်းချင်း အသက်လုပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ 

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button