အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကို စစ်ကိုင်းတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ အပြင်းအထန် ခုခံနေ

ခုခံတော်လှန်မှုအားကောင်းပြီး တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးမှု အများအပြားရထားတဲ့ စစ်ကိုင်းတိုင်းထဲက ၁၀မြို့နယ်ထက်မနည်းမှာ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး မြေပြင်၊ ဝေဟင်ကနေ ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်၊ ခဲယမ်းမပြည့်စုံတဲ့ကြားကနေ ခုခံကာကွယ်နေရပါတယ်။ 

ခုခံတော်လှန်မှုအားကောင်းပြီး တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးမှု အများအပြားရထားတဲ့ စစ်ကိုင်းတိုင်းထဲက ၁၀မြို့နယ်ထက်မနည်းမှာ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး မြေပြင်၊ ဝေဟင်ကနေ ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်၊ ခဲယမ်းမပြည့်စုံတဲ့ကြားကနေ ခုခံကာကွယ်နေရပါတယ်။ 

ဇူလိုင်လကုန်ပိုင်းကစပြီး စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ ပုလဲ၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ရွှေဘိုစတဲ့ မြို့နယ်တွေမှာ ဖြန့်ကျက်ပြီး စစ်တပ်က စစ်ကြောင်းထိုးလာတာပါ။ 

လေယာဉ်နဲ့ ဗုံးကြဲတာအပြင် တင့်ကားတွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ပါ တိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေဘက်က လက်နက်၊ ခဲယမ်း မလုံလောက်မှုကြောင့် အလုံးစုံ ဟန့်တား၊ ဖြတ်တောက်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ 

မြို့နယ်ပေါင်း ၃၇မြို့နယ်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က မြို့တွေကိုသာ အဓိက ထိန်းချုပ်နိုင်ပြီး၊ ကျေးလက်ဒေသအများစုကိုတော့ တော်လှန်ရေးတပ်တွေက နယ်မြေစိုးမိုးမှု ရထားတာပါ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွေးကောက်ပွဲကျင်းပဖို့ ၄လကျော်အလိုမှာ ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်က အင်အားအများအပြားနဲ့ တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးတပ်တွေဘက်က နယ်မြေတချို့ ပြန်ဆုတ်ပေးလိုက်ရတာတွေလည်း ရှိနေပါတယ်။ 

ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button