အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အရပ်သားများကို လေကြောင်းမှ သတ်ဖြတ်မှု လျော့ကျသွားရန် နိုင်ငံတကာသို့​တောင်းဆို

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်ထပ်သွေးထွက်သံယိုမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြန်မာနိုင်ငံအတွင်း ​လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ကြေညာပေးရန်အပါအဝင် တောင်းဆိုချက် ၅ ချက်ကို နယူးယောက်မြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက နိုင်ငံတကာကို တောင်းဆိုထုတ်ပြန်ထားသည်။ 

မြန်မာစစ်တပ်နှင့် လုံခြုံရေးအဖွဲ့ဝင်များ၏ လူမဆန်သော ကျူးလွန်မှုများကို ပြင်းထန်စွာရှုတ်ချပြစ်တင်သည့် ကြေညာချက်များကို ထုတ်ပြန်ပေးရန်၊ မြန်မာနိုင်ငံတွင် အင်တာနက် အပြည့်အဝသုံးစွဲခွင့်ပြန်ပေးရေး ချက်ချင်းအရေးယူဆောင်ရွက်ရန်၊ လိုအပ်သည့် ခိုလှုံရာစခန်းများကို ပံ့ပိုးပေးရန်တို့ကို ကုလသမဂ္ဂဌာနချုပ်အခြေစိုက်ရာ နယူးယောက်မြို့ရှိ မြန်မာကိုယ်စားလှယ်ရုံးမှ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထုတ်ပြန်တောင်းဆိုသည်။ 

ထို့အပြင် တရားမဝင်စစ်အုပ်စုက တာဝန်ပေးခန့်အပ်မည့် မြန်မာသံတမန်များကို ခရီးသွားလာခွင့် ဗီဇာပိတ်ရန်လည်း တိုက်တွန်းတောင်းဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် မတ် ၂၇ ရက်နေ့က ကရင်ပြည်နယ်အတွင်း KNU လှုပ်ရှားနယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှု စတင်လိုက်ပြီး နောက်ပိုင်းရက်များတွင်လည်း ဆက်တိုက်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁၀ ဦး  အနည်းဆုံး သေဆုံးခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်သောင်းခန့် ပိုမိုလုံခြုံမည့် နေရာများသို့ ရွှေ့ပြောင်းထွက်ပြေးခဲ့ရသည်။ 

အရပ်သားပြည်သူ သုံးထောင်ကျော် ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့ရကြောင်း မြန်မာကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အာဏာသိမ်းမှုကို အစိုးရအဖွဲ့အတွင်း အကြီးစားပြောင်းလဲမှုအဖြစ်သာ မှတ်ချက်ချခဲ့ဖူးသည့် တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံ၌ နိုင်ငံတကာ၏ ကြားဝင်မစွက်ဖက်ရေးကို ထပ်လောင်း အလေးထားပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းပြောကြားသည်။ 

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မကြာသေးမီက အာဆီယံအဖွဲ့ဝင်နိုင်ငံများစွာနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့သည်ဟု တရုတ်အစိုးရပိုင် CGTN သတင်းဌာနက ဖော်ပြသည်။

ဤအတောအတွင်း ကချင်ပြည်နယ်၌ KIA ၏ တပ်ဌာနသုံးခုကိုလည်း အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များက မတ် ၂၉ တွင် တိုက်ခိုက်ခဲ့သည်။ 

အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ယနေ့ အွန်လိုင်းမှ အစည်းအဝေးပြုလုပ်ရာ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်ခြင်းကို ရှုတ်ချကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုလိုက်သည်။

အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကိုလည်း ပစ်ခတ်သတ်ဖြတ်နေမှုကို အန်တုပြီး တော်လှန်ရေးတွင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပါဝင်နေခြင်းအတွက် ချီးကျူးလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button