အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“ဒီအိမ်ဘာတန်ဖိုးမှမရှိဘူး” နှင့် ငြင်းမရတဲ့ စစ်တပ်ရဲ့ မီးရှို့စစ်ဆင်ရေး

စစ်ကိုင်းတိုင်းရှိ ရွာပေါင်းမြောက်မြားစွာ မီးတင်ရှို့ခံရသည့် ဖြစ်စဉ်များတွင် စစ်ကောင်စီတပ်များက ကျူးလွန်ကြောင်း ခိုင်မာသည့် ရုပ်သံအထောက်အထားများကို Myanmar Now က ယမန်နှစ်ကစ၍ ရရှိခဲ့သည်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နှင့် မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ရွာများကို စစ်ကောင်စီတပ်များက မီးရှို့နေသည့် အထောက်အထားများဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါ ၁ တွင် စစ်တပ်အာဏာသိမ်းမှုကို ကြုံရချိန် နိုင်ငံတစ်ဝန်းရှိ ဆန့်ကျင်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုများပြုလာရာ မခံနိုင်တော့သည့် ပြည်သူများက လက်နက်ကိုင် ခုခံတွန်းလှန်ခဲ့ကြသည်။ လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာချိန် စစ်ကောင်စီတပ်ကလည်း ရွာစဉ်လှည့်စစ်ကြောင်းထိုးရင်း မြေလှန်မီးရှို့သည့်ဗျူဟာကို အကြမ်းပတမ်းသုံးစွဲလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဆန့်ကျင်သူများအပေါ် စစ်တပ်က ဖြတ် ၄ ဖြတ်ဗျူဟာဟု လူသိများသည့် သတင်းဖြတ်၊ ရိက္ခာဖြတ်၊ လူသစ်စုဆောင်းမှုကို ဖြတ်တောက်ခြင်းနှင့် ဝင်ငွေရလမ်း/ရန်ပုံငွေ ဖြတ်တောက်ခြင်းတို့ကို ယခင်ကတည်းက သုံးစွဲခဲ့သလို အာဏာသိမ်းမှုဆန့်ကျင်သူများအပေါ်တွင်လည်း ဆက်တိုက်သုံးစွဲနေသည်။ သတင်း၊ တင်ဆက် – မောင်ရွှေဝါ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button