အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်း တိုက်ပွဲများတွင် ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ် ပိုလုပ်လာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင် ဖြစ်နေသည့် တိုက်ပွဲများတွင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုး ရင်ဆိုင်တိုက်ခိုက်မှုမလုပ်ဘဲ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများကိုသာ အားပြုနေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ တောင်ပိုင်းတွင် ဖြစ်နေသည့် တိုက်ပွဲများအတွင်း စစ်တပ်က မြေပြင်စစ်ကြောင်းထိုး ရင်ဆိုင်တိုက်ခိုက်မှုမလုပ်ဘဲ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အားပြုနေသည်ဟု သိရသည်။

ကော့ရိတ်မြို့တွင်း တပ်စွဲထားသည့် စစ်တပ်က မြို့ပြင် ၃ မိုင်ခန့်ဝေးသည့် ကျေးရွာများကို ပစ်ခတ်နေရာ ဇူလိုင်လ ၄ ရက်နေ့က ကော့ကရိတ်အရှေ့တောင်ဘက် ရွာသစ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ပထမပတ်နှင့် နောက်ဆုံးပတ်တွင်လည်း ကမိုင်ကုန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးနှင့် မြို့ဟောင်းကျေးရွာမှ အမျိုးသားတစ်ဦး ဒရုန်းထိမှန်သေဆုံးခဲ့သည်။

လက်ရှိအချိန်သည် ဒေသခံများ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အချိန်ဖြစ်ကာ စစ်ကောင်စီ၏ ဒရုန်းနှင့် လက်နက်ကြီးရန်ကြောင့် အချို့သောနေရာများတွင် လုပ်ငန်းများရပ်ဆိုင်းထားရသည်ဟုလည်း ရွာသစ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပြီးခဲ့နှစ် ဒီဇင်ဘာကလည်း စပါးရိတ်ချိန် တိုက်ပွဲဖြစ်လို့ အချို့နေရာတွေမှာ မရိတ်ရဘူး။ အခုလည်း သူတို့ (စစ်ကောင်စီ) နဲ့နီးတဲ့နေရာတွေက လယ်ကွင်းကို ရွာသားတွေ သွားမလုပ်ရဲဘူး၊ ဒီတိုင်းပစ်ထားရတယ်” ဟု သူက ပြောသည်။

ဇူလိုင်လ ၄ ရက် ​စစ်​ကောင်စီဒရုန်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးခဲ့သည့် ရွာသစ်ကျေးရွာရှိ နေအိမ်။

ကော့ကရိတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယခုနှစ်ဆန်းပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဧပြီလအတွင်း ကော့ကရိတ်မြို့မှ တော်လှန်ရေးတပ်များ ဆုတ်ခွာသွားခဲ့သည်။

စစ်တပ်ဘက်က တွင်တွင်ကျယ်ကျယ် သုံးစွဲလာသော ဒရုန်းတိုက်ခိုက်မှုများအတွက် လိုအပ်သော နည်းပညာနှင့် အထောက်အကူပစ္စည်းများကို တရုတ်နိုင်ငံမှ ရယူနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က “တရုတ်နိုင်ငံသည် စစ်ရေးထုတ်ကုန်များနှင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများကို တင်ပို့ရာတွင် ချင့်ချိန်မှု၊ တာဝန်ယူမှုရှိသည့် သဘောထားရပ်တည်ချက် အမြဲကျင့်သုံးခဲ့ကြောင်း” တုံ့ပြန်ခဲ့သည်ဟု Reuters သတင်းဌာန၏ ဇွန် ၁၃ ရက်နေ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button