အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကယားအခြေစိုက်ပါတီ နှစ်ခုနှင့်တွေ့ဆုံမည်ဟု ဒီချုပ်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကယားပြည်နယ်ကိုသွားရောက်ပြီး မနက်ဖြန် ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ကို တွေ့ဆုံရန် စီစဥ်ထားကြောင်းသိရသည်။ ကိုယ်စားလှယ်အဖွဲ့ လာရောက်မယ့်ကိစ္စကို ကယားပြည်နယ် NLD ပါတီဥက္ကဋ္ဌမှ ဖုန်းဆက် ပြီးပြောဆိုထား သော်လည်း ဗဟိုကော်မတီအနေဖြင့် တရားဝင်အကြောင်းကြားတာ မရှိသေးသလို တွေ့ဆုံမည့်နေရာကိုလည်း တတိယနေရာတွင် တွေ့ဆုံရန်မျှော်လင့်သည်ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီမှ ဆိုသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး၊ ဟေမာန်ပြည်/Myanmar Now

[youtube https://youtu.be/kCALWaYqI4M]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles