အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ချင်းမိုင်ရောက် CDM ဝန်ထမ်းတွေ ဘယ်လိုရုန်းကန်နေကြရလဲ

၂၀၂၁ စစ်အာဏာသိမ်းမှုကို စတင်တော်လှန်ခဲ့သူများမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ကြသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဖြစ်ကြသည်။ စစ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းခြင်းဖြင့် အာဏာဖီဆန်ခဲ့ကြသော သိန်းနှင့်ချီသည့် CDM ဝန်ထမ်းများ၏ လှုပ်ရှားမှုသည် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားအားလုံး ရပ်တန့်လုနီးပါးဖြစ်သည်အထိ အောင်မြင်ခဲ့သည်။ ထိုအခြေအနေတွင် စစ်ကောင်စီသည် CDM ဝန်ထမ်းများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးခြင်းနည်းတို့ဖြင့် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည်။ သို့ဖြစ်ရာ CDM ဝန်ထမ်းအများစုသည် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိန်းချုပ်နယ်မြေများ၊ နယ်စပ်ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများတွင် တိမ်းရှောင်နေထိုင်နေကြရသည်။ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းရှိ ဇင်းမယ် ခေါ် ချင်းမိုင်မြို့တွင် အောက်ခြေသိမ်း ရရာအလုပ်လုပ်ရင်း၊ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆက်လက်ပါဝင်နေကြသည့် ဆရာဝန်တစ်ဦး၊ ကျောင်းဆရာမတစ်ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတစ်ဦး၏ ရပ်တည်ချက်နှင့် ရုန်းကန်နေရသည့် ဘဝအခြေအနေများကို ယခုရုပ်သံတွင် မြင်တွေ့ရမည် ဖြစ်သည်။ ၎င်းတို့၏ တူညီသောဆန္ဒမှာ တော်လှန်ရေးပြီးလျှင် ပြည်တွင်းသို့ ပြန်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ရေး ဖြစ်သည်။ သတင်း၊ တင်ဆက် – ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles