အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်ထုတ္တောရွာလူသတ်ပွဲ စစ်တပ်ဘယ်လိုကျူးလွန်ခဲ့သလဲ

လက်ထုတ္ထောရွာသား ၃၃ ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္ထောကျေးရွာမှာ ဒေသခံ ၃၃ ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဟာ အမျိုးသမီးတစ်ဦးနဲ့ အရွယ်စုံအမျိုးသား ၃၂ ဦး၊ စုစုပေါင်း ၃၃ ဦးကို လက်ထုတ္တောရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ထုတ္တောရွာဟာ မြင်းမူမြို့အနောက်ဘက် ၁၂ မိုင်အကွာ၊ မန္တလေး-မုံရွာကားလမ်းမကြီးဘေးမှာရှိပါတယ်။ လက်ထုတ္တောရွာရဲ့ မြောက်ဘက် ၂ မိုင်အကွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့ စစ်စခန်း ၃ ခုအနည်းဆုံးရှိပါတယ်။ နတ်ရေကန်ကျေးရွာ၊ ဂွေးပင်တောကျေးရွာနဲ့ မန္တလေး-မုံရွာကားလမ်းပေါ်က မြင်းမူလမ်းခွဲတို့မှာ စစ်သားတွေ တပ်စွဲပါတယ်။ မေလ ၁၀ ရက်နေ့ ညပိုင်းမှာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာစစ်စခန်းက စစ်သား ၁၀၀ ခန့် လက်ထုတ္တောရွာဘက်ကို လာနေတယ်လို့ ကျေးရွာကာကွယ်ရေးအဖွဲ့က သတင်းရပါတယ်။ ရွာသားတွေကို အမြန်တိမ်းရှောင်ကြဖို့ ခရာမှုတ်ပြီး သတိပေးခဲ့ကြပါတယ်။ အများစုက ထွက်ပြေးခဲ့ကြပေမဲ့ တချို့ကတော့ ရွာအရှေ့ပိုင်းနဲ့ ရွာအနောက်ပိုင်းက ဘုန်းကြီးကျောင်းတွေထဲမှာ တိမ်းရှောင်နေခဲ့ကြပါတယ်။ အစုလိုက်အပြုံလိုက်အသတ်ခံလိုက်ရသူတွေဟာ ဘုန်းကြီးကျောင်းမှာ နေခဲ့ကြသူတွေ ဖြစ်ပါတယ်။ သတင်း၊ တင်ဆက် – မိုးဦး၊ အောင်နိုင်၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button