အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဆီတန်းစီစရာမလိုတဲ့ နေပြည်တော်က မိုးကျရွှေကိုယ်များ

စက်သုံးဆီပြတ်လပ်မှုကြောင့် ပြည်သူအများ စိတ်ညစ်ညူးဖွယ် အချိန်ပေးပြီး တန်းစီဝယ်ယူနေရချိန် နေပြည်တော်ရှိ စစ်တပ်အရာရှိများ၊ ဝန်ကြီးဌာနများတွင် ယူနီဖောင်းပြောင်းဝတ်ထားသော မိုးကျရွှေကိုယ် ခေါ် စစ်တပ်အရာရှိဟောင်းတချို့မှာ တန်းစီစရာမလိုဘဲ အသင့်ဆီဖြည့်နိုင်သည့် အခွင့်အရေးရနေသည်ဟု သိရှိရသည်။ အထူးသဖြင့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) အနီးရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း စက်သုံးဆီဆိုင်တွင် ဆီပြတ်နေသည်ဟုဆိုကာ သာမန်အရပ်သားများကို ရောင်းမပေးဘဲ ဆိုင်ပိတ်ထားသော်လည်း စစ်တပ်နှင့် စစ်တပ်အသိုင်းအဝိုင်း၊ ၎င်းတို့နှင့် နီးစပ်သူများကိုသာ ကန့်သတ်ရောင်းချပေးသည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူများက ပြောသည်။ သတင်း၊ တင်ဆက် – ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button