အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးတွင် စစ်ကောင်စီ ထောက်ပို့ကားတန်း မိုင်းဆွဲခံရပြီး တစ်စီးပျက်စီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကားတန်းကို ယနေ့ (အောက်တိုဘာ ၅ ရက်) တွင် မိုင်းဆွဲတိုက်ခိုက်ရာ တစ်စီးပျက်စီးသွားသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့က ပြောသည်။

ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ စစ်စခန်းမှ မော်တော်ယာဉ် ၇ စီး ခင်ဦးမြို့နယ်အနောက်ပိုင်းရှိ စစ်စခန်းများသို့ လာခြင်းဖြစ်သည်၊ နံနက် ၁၀ နာရီခွဲခန့်မှ စပြီး၊ သရက်ပင်စု၊ မြင်းဒေါင်း ကျေးရွာများအနီးတွင် ၃ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု အလင်းရောင် ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“ကားတန်းကို မိုင်းဆွဲတာရယ်၊ မိုင်းဆွဲတဲ့ ရဲဘော်တွေကို ဝိုင်းပိတ်ဖို့ ကြိုးစားတဲ့ စကစ တပ်ဖွဲ့ရယ်ကို မိုင်းဆွဲတာပါ။ ကားတန်းထဲက နောက်ဆုံးတစ်စီးကတော့ ပျက်စီးသွားပြီးတော့ သံကြိုးနဲ့ ဆွဲသွားရတာကို မြင်လိုက်ရတယ်” ဟု ကိုလင်းဆိုသူ တပ်ဖွဲ့တာဝန်ခံက ဆိုသည်။

ပျဉ်ထောင်ကျေးရွာရှိ စစ်စခန်းနှင့် မူးတိမ်ချောင်းတံတား စစ်စခန်းသို့ လာသည့် ထိုယာဉ်တန်းတွင် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပါလာသည်ဟု တော်လှန်ရေးအဖွဲ့များက ယူဆသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွန်းလွဲပိုင်းတွင် ယာဉ်တန်း ပြန်ထွက်သွားရာ ပျက်စီးသွားသည့် ကားကိုလည်း ပြန်လည်ဆွဲယူသွားခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောဆိုသည်။

“ပျဉ်ထောင်စခန်းကကောင်တွေကတော့ မူးတိမ်ချောင်းကို လှည်း ၂၈ စီးနဲ့ ထွက်သယ်ရတယ်။ ကားတွေက ပျဉ်ထောင်အထိ ရောက်အောင် သွားမရလို့” ဟု ခင်ဦးအနောက်ခြမ်းအခြေစိုက် KSO တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းလာရောက်မှုကြောင့် ရေဦး-ခင်ဦး ကားလမ်းဘေး ကျေးရွာများလည်းဖြစ်၊ စစ်စခန်းများအနီးရှိ မကျည်းအုပ်၊ မြင်းဒေါင်းနှင့် သရက်ပင်စုကျေးရွာတို့မှ ဒေသခံများမှာ တိမ်းရှောင်နေရကြောင်း သိရသည်။

“ကားတွေကတော့ ပြန်သွားပြီလို့ လှမ်းပြောတယ်၊ ခြေလျင်တွေ ကျန်ခဲ့သေးတယ်တဲ့၊ ရေဦးက လာတဲ့ စစ်သားတွေရော၊ ရှိပြီးသားစခန်းကရော၊ ကျွန်တော်တို့ရွာထဲ ရှိနေသေးလို့ ပြန်မဝင်နိုင်သေးဘူး” ဟု မြင်းဒေါင်းရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။

ခင်ဦးမြို့နယ်အနောက်ခြမ်းမှ ပျဉ်ထောင်၊ ရွာသစ်ကုန်း ကျေးရွာတို့အတွင်းနှင့် မူးတိမ်ချောင်းတံတား၊ အင်းပတ်ကွေ့ဈေးတန်းနေရာတို့တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်နှင့် ရွာခံ ပြည်သူ့စစ် (ပျူစောထီး) တို့ စစ်စခန်းချ နေရာယူထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button